Loader

CCTV တပ်တော့မယ်ဆိုရင်



ကိုယ့်အိမ်၊ ကိုယ့်ရုံး၊ ကိုယ့်လုပ်ငန်းမှာ CCTV တပ်တော့မယ်ဆိုရင် ဘယ်လို အမျိုးအစားကို ရွေးချယ်မှာလဲ။ အမျိုးကွဲ ၁၀ မျိုးရှိတဲ့အတွက် အဲဒီအမျိုးအစားတွေအကြောင်း အကြမ်းဖျင်းသိထားရင် ကိုယ့်လိုအပ်ချက်အတွက် အလွယ်တကူ ရွေးလို့ရတာပေါ့။

၁။ Dome Camera

အဆောက်အဦ အတွင်းရော အပြင်မှာပါ တပ်လို့ရတယ်။ Dome တွေဟာ လူသုံးအများဆုံး CCTV တွေလို့ ပြောလို့ရပါတယ်။ လိပ်ခုံးလိုလို၊​ စက်လုံးပုံလိုလိုဖြစ်တာကြောင့် ကင်မရာထက်စာရင် Dome နဲ့ ပိုတူလို့ Dome CCTV လို့ ခေါ်တာပါ။ အားသာချက်ကတော့ ကင်မရာက ဘယ်ဘက်ကို ချိန်နေတယ်ဆိုတာကို အလွယ်တကူ မသိနိုင်တာပါပဲ။

၂။ C-Mount Camera

သူကတော့ အဆောက်အဦအတွင်းတွေမှာ ပိုအသုံးများတယ်။ ပေ ၄၀ လောက်အထိ အကောင်းဆုံး သုံးလို့ရတာကြောင့် ဟောခန်းကျယ်တွေအတွက် အသင့်တော်ဆုံးလို့ ပြောလို့ရမယ်ထင်တယ်။ Detachable lenses တွေနဲ့ လာတာကြောင့် စိတ်ကြိုက်ချိန်ညှိတပ်ဆင်နိုင်တာပေါ့။ လူသုံးများတဲ့ အမျိုးအစားပါပဲ။

၃။ Bullet Camera

နောက်ထပ် CCTV အမျိုးအစားက bullet camera ပါ။ အကာအကွယ်ကောင်းကောင်းနဲ့ အကွာအဝေးကောင်းကောင်းကို ကြည့်ရှုလို့ရတဲ့အတွက် အဆောက်အဦးအပြင်ဘက်မှာ ပိုအသုံးများပါတယ်။ သေးငယ်တယ်။ ညဘက်သုံးလို့ရတာဟာ bullet camera တွေရဲ့ အားသာချက်တွေပါ။

၄။ Day/Night Camera

နာမည်အတိုင်းပါပဲ။ နေ့ရော ညရော အကောင်းဆုံး အသုံးပြုနိုင်တဲ့ CCTV ရယ်ပါ။ အရွယ်အစား မျိုးစုံလာတယ်။ နေ့ရာ ညအတွက်ပါ အဖြူအမည်းရော အရောင်စုံနဲ့ပါ ဖမ်းယူနိုင်တဲ့အတွက် သူ့ကိုလည်း လူကြိုက်များလှပါတယ်။

၅။ Discreet Camera

ကိုယ်ပျောက် ကင်မရာလို့ ခေါ်ချင်လည်း ခေါ်ပေ့ါ။ Discreet camera တွေရဲ့ အားသာချက်က အလွယ်တကူ သတိ မပြုမိနိုင်တာပါပဲ။ ရာဇဝတ်မှုတွေ အမိနိုင်ဆုံး CCTV အမျိုးအစားပါ။

၆။ Varifocal Camera

Focus ဖမ်းထားတာကို ပြတ်မသွားစေဘဲ zoom အသုံးပြုလို့ရတဲ့ CCTV ကင်မရာ အမျိုးအစားပါ။ သေသေချာချာ အသေးစိတ် ပြန်လည်ကြည့်ရှုဖို့လိုတဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။

၇။ Dark Fighter Technology Camera

Bullet တို့ Day/Night တို့ဟာ ညဘက်မှာပါ အကောင်းဆုံးအသုံးပြုလို့ရတယ်ဆိုပေမဲ့ Dark Fighter နဲ့ ယှဉ်ကြည့်တဲ့အခါ ညဘက်တွေမှာ စက်စက်ယိုအောင် ကောင်းတယ်လို့ မဆိုသာတော့ဘူး။ နေ့ရော ညရော အကောင်းဆုံး quality နဲ့ ပုံရိပ်တွေ ဖမ်းယူဖို့ လိုပြီဆိုရင်တော့ Dark Fighter ကိုသာ သတိရလိုက်ပါ။ ကုန်ကျစရိတ်တော့ နည်းနည်းပိုတာပေါ့။

၈။ ANPR/LPR Camera

သူကတော့ အထူးပြု CCTV ကင်မရာဖြစ်ပါတယ်။ နံပတ် ပလိတ်တွေ၊ လိုင်စင် ပလိတ်တွေကို အထူးပြု ဖတ်ရှုနိုင်တဲ့ အမျိုးအစားပေါ့။ ANPR ရဲ့ နာမည်အရှည်က Automatic Number Plate Recognition ဖြစ်ပြီး ​LPR ရဲ့ အရှည်က License Plate Recognition ဆို သဘောပေါက်လိုက်ပါတော့။

၉။ PTZ Camera

ကင်မရာကိုင်တဲ့သူတွေတော့ နာမည်မြင်လိုက်တာနဲ့ သဘောပေါက်ကြပါလိမ့်မယ်။ Pan, Tilt and Zoom ကို အတို PTZ လို့ ခေါ်လိုက်တာပါ။ ဘယ်ညာ ရွှေ့လို့ရတယ်။ အပေါ်အောက် ရွှေ့လို့ရတယ်။ အနီးအဝေး ချိန်လို့ရတယ်။ CCTV ကင်မရာတလုံးအတွက် လိုအပ်တာ ဒါပဲမလား။

၁၀။ Thermal Image Camera

လေဆိပ်၊ သင်္ဘောဆိပ်နဲ့ အခြားအရေးကြီးတဲ့ အဆောက်အအုံတွေမှာ အကောင်းဆုံး အသုံးပြုလေ့ရှိတဲ့ CCTV အမျိုးအစားပါ။ လုံးဝမှောင်နေရင်တောင်မှ​ အပူတွေကို သိရှိ ဖေါ်ပြနိုင်စွမ်းရှိတယ်။ လူရဲ့ ခန္ဓာကိုယ် အပူချိန်က အစပေါ့။

ဒီ CCTV ကင်မရာ အမျိုးအစားက လုပ်ဆောင်ချက်တွေ အဆင့်မြင့်တယ်၊ ကွန်ယက် စွမ်းဆောင်နိုင်စွမ်းမြင့်မားတယ်၊ features တွေ အများကြီးလည်း ပါတယ်။ ဒါနဲ့မှာ ရွေးချယ်လို့မရဖြစ်နေသေးရင်တော့ SBGG mobile app 👉🏼 bit.ly/3L4Qbv3 👈🏼 ကို install ပြုလုပ်ပြီး စိတ်ကြိုက် ရှာဖွေ၊ စိတ်ကြိုက် ဝယ်ယူလိုက်ပါတော့။

တိုက်ရိုက် ချိတ်ဆက်ဖို့ဆိုရင်တော့
📱: 09 970 480 555
📱: 09 970 180 555
📍: နံပတ် (F)၊ ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#sbgg #sawbwargyigone #construction
#buildingmaterials #CCTVCamera #securitycamera

Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 False false