Loader

ခေတ်မီဆောက်လုပ်ရေးအတွက် နောက်ကွယ်က သူရဲကောင်းများ

Modern construction လောကမှာ သံ၊ ဘိလပ်မြေ စတာတွေကတော့ ထင်သာမြင်သာတဲ့ သူရဲကောင်းကြီးတွေပေါ့။ ဒီလိုပဲ ခေတ်မီဆောက်လုပ်ရေးရဲ့ လျှို့ဝှက်သူရဲကောင်းများ (Hidden Heroes of Modern Construction) လို့ တင်စားခေါ်ဝေါ်ကြတဲ့အရာကတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံး Chemical ပစ္စည်းများပါပဲ။ 
ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ အသုံးပြုနေတဲ့ Chemical ပစ္စည်းများဟာ အဆောက်အအုံများရဲ့ ခိုင်ခံ့မှု၊ ကြာရှည်ခံမှုနဲ့ 
စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့အတွက် လျှို့ဝှက်သူရဲကောင်းများလို့ တင်စားခေါ်ဝေါ်တာပဲဖြစ်ပါတယ်။ ကွန်ကရစ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ရေစိမ့်ဝင်ခြင်းမှကာကွယ်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ 
ပြန်လည်တည်ဆောက်ခြင်း စတဲ့နေရာတွေမှာလည်း အင်အားဖြည့်တင်းပေးတဲ့အတွက်လည်း ဒီလိုတင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ကဲ…လျှို့ဝှက်သူရဲကောင်းတွေဟာ ဘာတွေလဲ?

🏛️ Concrete Admixtures (ကွန်ကရစ်ဖြည့်စွမ်းဆေးများ)

ဒီဓာတုပစ္စည်းတွေကို ကွန်ကရစ်ရောစပ်တဲ့အခါ ထည့်သွင်းအသုံးပြုပြီး၊ ကွန်ကရစ်ရဲ့ ဂုဏ်သတ္တိများဖြစ်တဲ့ အလုပ်လုပ်နိုင်မှု (workability)၊ ခိုင်ခံ့မှု၊ အခြောက်ခံချိန် (setting time) နှင့် ရေခံနိုင်မှုကို မြှင့်တင်ပေးပါတယ်။ သုံးစွဲတဲ့နေရာကတော့ တံတားများ၊ အဆောက်အဦးများ၊ လမ်းများနဲ့ ရေကာတာများမှာ အသုံးပြုပါတယ်။ အကျိုးကျေးဇူးကတော့ ကွန်ကရစ်ရဲ့ ခိုင်ခံ့မှုကို တိုးမြှင့်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းကို ပိုမိုမြန်ဆန်စေခြင်းပဲဖြစ်ပါတယ်။

🏛️ Waterproofing Chemicals (ရေစိမ့်ကာကွယ်ဆေးများ)

ဒီဓာတုပစ္စည်းတွေဟာ ကွန်ကရစ်၊ အုတ်နံရံ သို့မဟုတ် အခြားမျက်နှာပြင်များမှာ ရေစိမ့်ဝင်မှုကို တားဆီးပေးပါတယ်။ အသုံးပြုတဲ့နေရာတွေကတော့ ရေကူးကန်များ၊ မြေအောက်ထပ်များ၊ ရေကာတာများ၊ ရေစီးရေလာများနဲ့ အမိုးများမှာ အသုံးပြုပါတယ်။ အကျိုးကျေးဇူးကတော့ အဆောက်အဦးရဲ့ ရေရှည်ခံမှုကို မြှင့်တင်ပေးပြီး ရေစိမ့်ဝင်မှုကြောင့် ဖြစ်ပေါ်တဲ့ ပျက်စီးမှုကို ကာကွယ်ပါတယ်။

🏛️ Sealants (အက်ကွဲဖြည့်ဆေးများ)

ဒီဓာတုပစ္စည်းတွေဟာ ကွန်ကရစ်၊ အုတ် သို့မဟုတ် သတ္တုမျက်နှာပြင်များမှာ အက်ကွဲမှုများကို ဖြည့်ဆည်းပေးပြီး၊ ရေ၊ လေ သို့မဟုတ် ဖုန်မှုန့်များ ဝင်ရောက်မှုကို တားဆီးပါတယ်။ အသုံးပြုတဲ့နေရာတွေကတော့ ကွန်ကရစ်အက်ကွဲမှုများ၊ ပြတင်းပေါက်များ၊ တံခါးဘောင်များမှာ အသုံးပြုပါတယ်။ သူကတော့ ရေစိမ့်ဝင်မှုနဲ့ ဖုန်မှုန့်ဝင်ရောက်မှုကို ကာကွယ်ပြီး၊ အဆောက်အဦးရဲ့ သက်တမ်းကို တိုးမြှင့်ပေးပါတယ်။

🏛️ Epoxy Coatings (အီပေါက်ဆီ အပေါ်ယံဆေးများ)

အီပေါက်ဆီဓာတုပစ္စည်းတွေကိုတော့ ကွန်ကရစ်ကြမ်းပြင်များ၊ သတ္တုမျက်နှာပြင်များနဲ့ အခြားဆောက်လုပ်ရေးအစိတ်အပိုင်းများမှာ အပေါ်ယံအလွှာအဖြစ် အသုံးပြုပြီး၊ ဓာတုဒဏ်ခံနိုင်မှု၊ အပူခံနိုင်မှုနဲ့ ရေခံနိုင်မှုကို မြှင့်တင်ပေးပါတယ်။ ကြမ်းပြင်အလှဆင်ခြင်း၊ ဓာတုဓာတ်ခွဲခန်းများ၊ စက်ရုံများနှင့် ဆေးရုံများမှာ အသုံးပြုပြီး အကျိုးကျေးဇူးကတော့ ဖုန်မထွက်မှု၊ ဓာတုဒဏ်ခံနိုင်မှုနဲ့ အလှဆင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။

🏛️ Curing Compounds (ကွန်ကရစ်အခြောက်ခံဆေးများ)

ဒီဓာတုပစ္စည်းတွေဟာ ကွန်ကရစ်ရဲ့ အခြောက်ခံချိန်အတွင်း ရေဓာတ်ဆုံးရှုံးမှုကို တားဆီးပြီး၊ ကွန်ကရစ်ရဲ့ ခိုင်ခံ့မှုနဲ့ ရေရှည်ခံမှုကို မြှင့်တင်ပေးပါတယ်။ အသုံးပြုတဲ့နေရာတွေကတော့ လမ်းများ၊ တံတားများ၊ ကွန်ကရစ်ကြမ်းပြင်များနဲ့ အဆောက်အဦးများမှာ အသုံးပြုပါတယ်။ အကျိုးကျေးဇူး ကတော့ ကွန်ကရစ်ရဲ့ အက်ကွဲမှုကို လျှော့ချပြီး၊ ခိုင်ခံ့မှုကို မြှင့်တင်ပေးပါတယ်။

🏛️ Floor Hardeners (ကြမ်းပြင်သိပ်သည်းဆေးများ)

ကွန်ကရစ်ကြမ်းပြင်များရဲ့ သိပ်သည်းမှုကို တိုးမြှင့်ပေးပြီး၊ ဖုန်မထွက်မှု၊ ဓာတုဒဏ်ခံနိုင်မှုကို မြှင့်တင်ပေးပါတယ်။ စက်ရုံများ၊ ဂိုဒေါင်များ၊ စီးပွားရေးဆိုင်များနှင့် ကားပါကင်ဧရိယာများမှာ အသုံးပြုပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးကတော့ ကြမ်းပြင်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးပြီး၊ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်ကို လျှော့ချပါတယ်

🏛️ Polymer Bonding Agents (ပိုလီမာ ချိတ်ဆက်ဆေးများ)

ဒီဓာတုပစ္စည်းတွေကတော့ ကွန်ကရစ်၊ အုတ် (သို့) အခြားမျက်နှာပြင်များကို ချိတ်ဆက်ပေးပြီး၊ ဆောက်လုပ်ရေးပစ္စည်းများရဲ့ ချိတ်ဆက်မှုကို မြှင့်တင်ပေးပါတယ်။ ကွန်ကရစ်ပြုပြင်ခြင်း ၊အုတ်နံရံများနဲ့ အခြားဆောက်လုပ်ရေးအဆစ်များမှာ အသုံးပြုကြပြီး ဆောက်လုပ်ရေးပစ္စည်းများရဲ့ ချိတ်ဆက်မှုကို မြှင့်တင်ပြီး၊ အက်ကွဲမှုကို လျှော့ချပါတယ်။

🏛️ Mould Release Agents (ပုံသွင်းဖယ်ရှားဆေးများ)

ကွန်ကရစ် သို့မဟုတ် အခြားပစ္စည်းများကို ပုံသွင်းပြီးနောက် ပုံစံခွက်များကို အလွယ်တကူ ဖယ်ရှားနိုင်ရန် အသုံးပြုပါတယ်။ ကွန်ကရစ်ပုံသွင်းခြင်း၊ တံတားများ၊ အဆောက်အဦးများနှင့် precast concrete ထုတ်လုပ်ရာမှာ အသုံးပြုပြီး ပုံစံခွက်များကို ထိခိုက်ပျက်စီးမှုမရှိဘဲ ဖယ်ရှားနိုင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို ပိုမိုမြန်ဆန်စေပါတယ်။

အဆောက်အဦးတွေရဲ့ အရည်အသွေး၊ ဘေးကင်းမှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးတဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ခေတ်မီဆောက်လုပ်ရေးရဲ့ လျှို့ဝှက်သူရဲကောင်းများဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး chemical များကို ကျွန်တော်တို့ SBGG မှာ ဝယ်ယူရရှိနိုင်ပါကြောင်း။

♐️ SBGG

HOTLINE — 09 95 424 5866

📍 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

website — sawbwargyigone.com
AppStore — https://apple.co/3sYi6GD
PlayStore — https://bit.ly/45BHpmp

Rebar (ပန်းသံ) နဲ့ ဘိလပ်မြေ updated ဈေးတွေအတွက် 👇🏼ဒီ channel လေးကို join ထားပေးပါနော်။

Facebook — https://www.messenger.com/channel/SBGG.SawBwarGyiGone
Viber — https://invite.viber.com/?g2=AQAfw%2BCKWl04K09jpXRwd0DmZ%2BpA8y8izTKvea%2B6U7SVqIkxTHTzTatl4OPs%2BG9T

အိမ်ဆောက်မှာလား... SBGG ရှိတယ်!!


Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 False false