အိမ်တိုင်းမှာ ရှိတတ်ကြပါတယ်။ ဘာပဲပျက်ပျက် "လာထား၊ ဒါလေးများ..." ဆိုပြီး tool ပုံးဆွဲပြီး ထွက်လာတတ်တဲ့ ကျွန်တော်တို့ရဲ့ Super DAD တွေပေါ့။ သူတို့ရဲ့စေတနာက အဖိုးတန်ပေမဲ့ ရလဒ်ကတော့ အမြဲတမ်း အမှတ်တရဖြစ်ကျန်ခဲ့တတ်ပါတယ်။ 😂
ဇာတ်လမ်းကတော့ မီးဖိုချောင်က ရေပိုက်ခေါင်းကနေ ရေတစ်စက်စက်ကျနေတာကနေ စတာပါပဲ။
အမေ: “ပိုက်ပြင်တဲ့ မောင်ဇော့်ကို ခေါ်လိုက်ပါလား။ တစ်ညလုံး အိပ်လို့မရဘူး။"
အဖေ: (သတင်းစာဖတ်ရာမှ မျက်မှန်ကို ပင့်တင်လျက်) "ပိုက်ဆံကုန်အောင်... ဒါလေးများကွာ၊ ၅ မိနစ်ပဲကြာမှာ။ ပလာယာလေးနဲ့ တစ်ချက်လှည့်လိုက်ရင် ပြီးပြီ။"
ဆိုပြီးတော့ အိမ်နောက်ဖေးက ဖုန်တက်နေတဲ့ tool ပုံးကြီးကို မပြီး ထွက်သွားပါတော့တယ်။
အထဲကနေ 'တောက်၊ တောက်' ဆိုတဲ့တူသံတွေ၊ 'ကျွီ' ဆိုတဲ့အသံတွေ၊ တစ်ခါတလေ တိုးတိုးလေး ကျိန်ဆဲသံတွေ ကြားနေရပြီး တစ်နာရီလောက်ကြာတော့...
အဖေတစ်ယောက် ချွေးတွေဆီတွေနဲ့ ထွက်လာပြီး ကြောင်အိမ်ပေါ်က ရေနွေးခရားကိုမော့ရင်း ကြွေးကြော်လိုက်ပါတယ်။
"ကဲ... ရပြီ။ အရင်ထက်တောင် ပိုကောင်းသွားသေးတယ်။"
အားလုံးက 'Wow' ပေါ့။ တကယ်ပဲ ရေတစ်စက်မှ မကျတော့ပါဘူး။
ဒါပေမဲ့ အဲ့ဒီနေ့ည... အားလုံးအိပ်ပျော်နေတုန်း မီးဖိုချောင်က "ဗွမ်း!!!" ဆိုတဲ့အသံကျယ်ကြီးကြားလို့ ပြေးထွက်ကြည့်ကြတဲ့အခါ...
...မနေ့ကမှ အဖေပြင်ထားတဲ့ ရေပိုက်ခေါင်းက သူ့နေရာနဲ့သူ လုံးဝအဆက်အစပ်မရှိတော့ဘဲ လွတ်ထွက်နေပြီး မီးဖိုချောင်တစ်ခုလုံး ရေလွှာလျှောစီးလို့ရတဲ့ Water Park အသေးစားလေးတစ်ခု ဖြစ်နေပါတော့တယ်။
ဒီဇာတ်လမ်းလေးက ရယ်စရာကောင်းပေမဲ့ လက်တွေ့မှာတော့ ပိုကြီးတဲ့ပျက်စီးမှုတွေ၊ ငွေကုန်ကြေးကျများမှုတွေ ဖြစ်စေနိုင်ပါတယ်။
DIY ဝါသနာပါတာက ကောင်းပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ tool နဲ့ အရည်အသွေးမီတဲ့ ပစ္စည်း သုံးဖို့တော့ လိုအပ်ပါတယ်နော်။ တချို့အလုပ်တွေအတွက်တော့ ကျွမ်းကျင်သူကိုပဲ အားကိုးတာက အကုန်အကျအသက်သာဆုံးနဲ့ စိတ်အချမ်းသာဆုံးပါပဲ။ ရေပိုက်က ရေလျှံထွက်တာထက် ပိုဆိုးတဲ့ ဖြစ်ရပ်တွေ ဖြစ်နိုင်ပါသေးတယ်။ ဥပမာ လျှပ်စစ်နဲ့ ပတ်သက်တာမျိုးဆိုရင်ပေါ့။
SBGG မှာတော့ DIY ဝါသနာရှင်တွေအတွက် ပစ္စည်းကိရိယာတွေကနေ၊ Professional-grade သုံး ပစ္စည်းအစစ်အမှန်တွေအထိ အစုံအလင် တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်ခင်ဗျာ။
SBGG
HOTLINE — 09 95 424 5866
📍 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
website — sawbwargyigone.com
AppStore — https://apple.co/3sYi6GD
PlayStore — https://bit.ly/45BHpmp
Rebar (ပန်းသံ) နဲ့ ဘိလပ်မြေ updated ဈေးတွေအတွက် 👇🏼ဒီ channel လေးကို join ထားပေးပါနော်။
▶ Facebook — https://www.messenger.com/channel/SBGG.SawBwarGyiGone
▶ Viber — https://invite.viber.com/?g2=AQAfw%2BCKWl04K09jpXRwd0DmZ%2BpA8y8izTKvea%2B6U7SVqIkxTHTzTatl4OPs%2BG9T
အိမ်ဆောက်မှာလား... SBGG ရှိတယ်!!!
#SBGG #DIYFail #FunnyStory #HomeRepair #MyanmarDad #Handyman
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!