Loader

သင့်အိမ်က Extension ကြိုးအဟောင်းကြီးရဲ့ ရင်ဖွင့်သံ

SBGG က ဒီတစ်ခါတော့ သင့်အိမ်က ပစ္စည်းအဟောင်းလေးတွေရဲ့ ဘဝကို စိတ်ကူးနဲ့မေးမြန်းခန်းလေးတစ်ခု လုပ်ကြည့်ထားပါတယ်။ ဒီနေ့ရဲ့ ဧည့်သည်ကတော့ အိမ်တိုင်းလိုလိုရဲ့ အကောင်းဆုံးဝန်ထမ်း၊ Extension ကြိုးအဟောင်းကြီးပဲ ဖြစ်ပါတယ်။

👨‍💼 အင်တာဗျူးသူ — ဟုတ်ကဲ့၊ ကြိုးအဟောင်းကြီးခင်ဗျာ၊ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ အရင်ဆုံး သက်တမ်းလေးနဲ့ မိတ်ဆက်ပေးပါဦး။
🔌 ကြိုးအဟောင်း — (သက်ပြင်းချလျက်) မမေးပါနဲ့တော့ကွာ... ဒီအိမ်စဆောက်ကတည်းက ရှိတာပဲ။ အိမ်က ကလေးတောင် အခု ကျောင်းပြီးတော့မယ်။ ငါ့ခမျာတော့ နံရံမှာကပ်နေတုန်း။

👨‍💼 အင်တာဗျူးသူ — ကြည့်ရတာ တော်တော်ဝန်ဆောင်မှုပေးခဲ့ရတဲ့ပုံပါပဲ။ တစ်နေ့တာမှာ ဘယ်လိုအလုပ်တွေလုပ်ရလဲ ပြောပြပေးပါဦး။
🔌 ကြိုးအဟောင်း — တစ်နေ့တာပဲလား? တစ်စက္ကန့်တောင် အနားရလို့လား။ မနက်ဆို ကွန်ပျူတာ လာထိုးတယ်၊ Wi-Fi router က တစ်ရက်လုံး၊ နေ့လည်ကျတော့ fan လာထိုးတယ်၊ ညနေကျတော့ အိမ်ကလူတွေပြန်လာပြီဆိုတာနဲ့ ဖုန်းအားသွင်းခေါင်း ၄-၅ ခုက ငါ့ပေါ်တက်ခွတော့တာပဲ။ ညဘက်တောင် အနားမရဘူး၊ ခြင်ဖမ်းစက်က ရှိသေးတယ်။ ဝန်ပိလွန်းလို့ ကျောတွေတောင် အမြဲနွေးနေပြီ။

👨‍💼 အင်တာဗျူးသူ — အခြေအနေတော်တော်ဆိုးတာပဲ။ အဲ့ဒီလို ဝန်ပိတဲ့အခါ ဘယ်လိုခံစားရလဲ။ အမှတ်တရ အဖြစ်အပျက်လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။
🔌 ကြိုးအဟောင်း — ခံစားရတာကတော့ အသက်ထွက်ချင်တာပေါ့ကွာ။ တစ်ခါတလေ ပလပ်အသစ်လာထိုးရင် "ကျစ်" ဆိုတဲ့အသံပါ ကြားရတယ်။ အဲ့ဒါ ငါ့အရိုးတွေ အကြောတွေ လွဲသွားတဲ့အသံ။ ဟိုတစ်လောကဆို မီးတောင်ပွင့်မလို့။ ကံကောင်းလို့ အိမ်ကလူတွေ အချိန်မီမြင်သွားတာ။ မဟုတ်ရင် ငါ့ဘဝလည်း ဒီမှာတင် The End ပဲ။

👨‍💼 အင်တာဗျူးသူ — ဒါဆို SBGG ကထုတ်တဲ့ အရည်အသွေးမြင့်ပြီး ဘေးကင်းတဲ့ ညီလေးတစ်ယောက်နဲ့ အစားထိုးပြီး အနားယူဖို့ စိတ်ကူးမရှိဘူးလား ခင်ဗျာ။
🔌 ကြိုးအဟောင်း — (မျက်လုံးအရောင်တောက်လျက်) ရှိတာပေါ့ကွာ... အခုချက်ချင်းကို လဲစေချင်နေတာ။ အိမ်ကလူတွေကို ပြောပေးကြပါဦး... ကျုပ်လည်း အနားယူချင်လှပြီလို့။ Overload ဒဏ်ကို မခံနိုင်တော့ဘူးလို့!

ဒီ Interview လေးကတော့ ဟာသသက်သက်ပါပဲ။

ဒါပေမဲ့ သင့်အိမ်က သက်တမ်းလွန်နေတဲ့၊ ဝန်ပိနေတဲ့ လျှပ်စစ်ပစ္စည်းတွေကတော့ တိတ်တိတ်လေး အန္တရာယ်ကို ဖိတ်ခေါ်နေနိုင်ပါတယ်။ သင့်မိသားစုရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရည်အသွေးမမီတော့တဲ့ ပစ္စည်းအဟောင်းတွေကို SBGG က စံချိန်မီ ပစ္စည်းအသစ်တွေနဲ့ အခုပဲ အစားထိုးလိုက်ပါ။ ဖြစ်နိုင်ရင် အမြဲတမ်းသုံးမယ့် ကိစ္စတွေမှာ Extention တွေမသုံးတာကတော့ အကောင်းဆုံးပါပဲနော်။

ဘေးကင်းမှ ပျော်ရွှင်ရမှာပါခင်ဗျာ။ လျှပ်စစ်ပစ္စည်းမျိုးစုံလည်း SBGG ကနေ အလွယ်တကူ မှာယူလို့ရပါတယ်နော်။

SBGG

HOTLINE — 09 95 424 5866

📍 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

website — sawbwargyigone.com
AppStore — https://apple.co/3sYi6GD
PlayStore — https://bit.ly/45BHpmp

Rebar (ပန်းသံ) နဲ့ ဘိလပ်မြေ updated ဈေးတွေအတွက် 👇🏼ဒီ channel လေးကို join ထားပေးပါနော်။

▶ Facebook — https://www.messenger.com/channel/SBGG.SawBwarGyiGone

▶ Viber — https://invite.viber.com/?g2=AQAfw%2BCKWl04K09jpXRwd0DmZ%2BpA8y8izTKvea%2B6U7SVqIkxTHTzTatl4OPs%2BG9T

အိမ်ဆောက်မှာလား... SBGG ရှိတယ်!!!

#SBGG #ElectricalSafety #FunnyContent #SafetyFirst #HomeAppliances #Myanmar


Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 False false