Loader

Gypsum Board (သို့) Drywall ရဲ့ သမိုင်းကြောင်း

ယနေ့ခေတ် ဆောက်လုပ်ရေးလုပ်ငန်းများရဲ့ အခန်းနံရံများ၊ မျက်နှာကျက်များနဲ့ အခြားအတွင်းပိုင်း ဒီဇိုင်းများအတွက် မရှိမဖြစ်အသုံးပြုနေတဲ့ Gypsum Board ကို Drywall သို့မဟုတ် Plasterboard ဟုလည်း ခေါ်ဆိုကြပါတယ်။ ဒါဟာ ခေတ်မီဆောက်လုပ်ရေးလုပ်ငန်းများရဲ့ အချိန်ကုန်သက်သာပြီး တပ်ဆင်ရလွယ်ကူတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။ Gypsum Board ရဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး ရှေးခေတ်မှသည် ဒီနေ့ခေတ်အထိ ဘယ်လိုတိုးတက်ပြောင်းလဲလာတယ်ဆိုတာကို လေ့လာကြည့်ကြပါစို့။

🏛️ ရှေးခေတ် Gypsum အသုံးပြုမှု

Gypsum (ဂျစ်ပဆမ်) ကို ဆောက်လုပ်ရေးပစ္စည်းအဖြစ် အသုံးပြုခဲ့တဲ့ သက်သေအထောက်အထားများကို ဘီစီ ၃၇၀၀ ခန့်က အီဂျစ်ခေတ်အထိ ပြန်လည်ခြေရာခံနိုင်ပါတယ်။ ရှေးအီဂျစ်လူမျိုးများဟာဂျစ်ပဆမ်တုံးများနဲ့ ဂျစ်ပဆမ်အင်္ဂတေတွေကို ပိရမစ်များတည်ဆောက်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ၎င်းတို့ဟာ ဂျစ်ပဆမ်ကို အပူပေးပြီး ရေနှင့်ရောစပ်ကာ အင်္ဂတေအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းလမ်းဟာ ယနေ့ခေတ် Plaster of Paris ပြုလုပ်သည့် နည်းလမ်းနဲ့ ဆင်တူပါတယ်။
၁၈ ရာစုတွင် Plaster of Paris ကို ရှာဖွေတွေ့ရှိခဲ့ခြင်းက ဂျစ်ပဆမ်အသုံးပြုမှုကို ပိုမိုကျယ်ပြန့်စေခဲ့ပါတယ်။ ဂျစ်ပဆမ်ကို အင်္ဂတေအဖြစ် ပုံသွင်းနိုင်တဲ့အတွက် အနုပညာလက်ရာများ၊ အလှဆင်ပစ္စည်းများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ပိုမိုအသုံးပြုလာခဲ့ကြပါတယ်။

🏛️ Drywall ရဲ့ မူလအစ

ယနေ့ခေတ် Gypsum Board (Drywall) ရဲ့မူလအစကို ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၈၉၄ ခုနှစ်မှာ Augustine Sackett အမည်ရှိ တီထွင်သူတစ်ဦးက Sackett Board ကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ ၎င်းဟာ စက္ကူနှစ်ချပ်ကြားမှာဂျစ်ပဆမ်အင်္ဂတေကို ထည့်သွင်းထားတဲ့ ပုံစံဖြစ်ပြီး၊ ယနေ့ခေတ် Drywall ရဲ့ ရှေ့ပြေးပုံစံဖြစ်ပါတယ်။
Sackett Board ဟာ ရေစိုအင်္ဂတေ (wet-plaster) အစားထိုးအဖြစ် ပေါ်ပေါက်လာခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ 
အချိန်နှင့် လုပ်အားကို သက်သာစေခဲ့ပါတယ်။ သို့သော်လည်း ၎င်းဟာ အစောပိုင်းကာလတွေမှာ အလွန်ရေပန်းစားခြင်း မရှိခဲ့သေးပေ။ 

🏛️ ခေတ်မီ Drywall ရဲ့ တိုးတက်ပြောင်းလဲမှု

၁၉၁၆ ခုနှစ်တွင် United States Gypsum Company (USG) ဟာ ခေတ်မီ Drywall ကို တီထွင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်ကို တော်လှန်ခဲ့ပါတယ်။ USG ရဲ့ ပေါ့ပါးသော ဂျစ်ပဆမ်ဘုတ်များဟာ Sackett Board ထက် ပိုမိုကောင်းမွန်ပြီး 
တပ်ဆင်ရလွယ်ကူခဲ့သည်။ အစပိုင်းမှာတော့ ၎င်းကို Sackett Plaster Board ဟု ခေါ်ဆိုခဲ့သော်လည်း နောက်ပိုင်းမှာတော့Sheetrock လို့အမည်ပြောင်းလဲခဲ့ပါတယ်။
၂၀ ရာစုအလယ်ပိုင်းမှာတော့ Drywall ဟာ မြောက်အမေရိကတွင် အင်္ဂတေနဲ့ သစ်သားပြား (lath and plaster) အစားထိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ပါတယ်။ ၎င်းဟာ တပ်ဆင်ချိန်ကို လျှော့ချပေးပြီး လုပ်အားခကို သက်သာစေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။
ဥရောပမှာပထမဆုံး ခေတ်မီဂျစ်ပဆမ်ပလာစတာဘုတ်စက်ရုံကို ၁၉၁၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့မှာတည်ဆောက်ခဲ့ပြီး ဒုတိယစက်ရုံကိုတော့ ၁၉၂၆ ခုနှစ်မှာ လန်ဒန်မှာ တည်ဆောက်ခဲ့ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ Gypsum Board ရဲ့ သမိုင်းကြောင်းဟာ ရှေးခေတ်အီဂျစ်မှသည် ခေတ်မီဆောက်လုပ်ရေးလုပ်ငန်းများအထိ ရှည်လျားခဲ့ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ၎င်းရဲ့ တီထွင်မှုနဲ့ တိုးတက်ပြောင်းလဲမှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စေပြီး ထိရောက်စေခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Gypsum Board ဟာ ကမ္ဘာတစ်ဝန်းရှိ အဆောက်အအုံများအတွက် မရှိမဖြစ်လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ကျွန်တော်တို့ SBGG မှာ Gypsum Board (Drywall) အမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပါကြောင်း။

♐️ SBGG

HOTLINE — 09 95 424 5866

📍 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

website — sawbwargyigone.com
AppStore — https://apple.co/3sYi6GD
PlayStore — https://bit.ly/45BHpmp

Rebar (ပန်းသံ) နဲ့ ဘိလပ်မြေ updated ဈေးတွေအတွက် 👇🏼ဒီ channel လေးကို join ထားပေးပါနော်။

Facebook — https://www.messenger.com/channel/SBGG.SawBwarGyiGone
Viber — https://invite.viber.com/?g2=AQAfw%2BCKWl04K09jpXRwd0DmZ%2BpA8y8izTKvea%2B6U7SVqIkxTHTzTatl4OPs%2BG9T

အိမ်ဆောက်မှာလား... SBGG ရှိတယ်!!


Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 False false