Artificial Lighting တွေသုံးပြီး အခန်းမီးဆင်တဲ့အခါ ဘယ်လိုစနစ်တကျ ဆင်ကြမလဲ။ Lighting Temperatures တွေကိုရော ဘယ်လိုနားလည်ထားကြလဲ. ကဲ အတွေးတွေ ထပ်တူကြလား ကြည့်ကြရအောင်နော် ပထမဆုံး မိမိတို့ အိမ်ခန်း/ ဆိုင်ခန်းတွေ အတွက် မီးဆင်တဲ့အခါ-Direct Lighting (အလင်းတိုက်ရိုက်)-Indirect Lighting (အလင်းတိုက်ရိုက်မဟုတ်)-Diffused Lighting (အလင်းဖြန့်ကြက်ခြင်း) စတဲ့ ဒီအခြေခံအချက် သုံးချက်အပေါ် မူတည်ပြီး စဥ်းစားနိုင်ပါတယ်ရှင့်...ကဲ Lighting Temperatures တွေ ဆက်လေ့လာကြည့်ရအောင်နော်...Lighting Temperatures တွေ ကိုတော့ kelvin (K) Scale နဲ့ သတ်မှတ်ထားပြီး kelvin ပမာဏနည်းသွားတဲ့အခါ Warm Colour (Yellowish Tones) အလင်းက အဝါဘက်သွားပြီး၊ Kelvin scale များတဲ့အခါ Cool Colour (Bluish Tones)အပြာဘက်သွားတဲ့ အရောင် ဖြစ်စေပါတယ်။ကဲ Lighting Temperatures တွေအလိုက် ဘယ်လိုနေရာတွေ အတွက် အသုံးပြုလို့ အဆင်ပြေမလဲ ဆက်ဖတ်ကြည့်ပါမယ်...2700 K - Warm White အလင်းက အဝါဘက်သွားပြီး ရင်းနှီးနွေးထွေးပြီး ကိုယ်ပိုင်ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ အတွက်ကြောင့် အိမ်၊ စာကြည့်တိုက် နဲ့ စားသောက်ဆိုင်လို နေရာတွေအတွက် အသုံးပြုလို့ အဆင်ပြေနိုင်ပါတယ်။ ဒါမှ မဟုတ် ကိုယ့် idea အတိုင်း စိတ်ကြိုက် တပ်ဆင်အသုံးပြုနိုင်ပါတယ်နော်။3000 K - Soft White ဒီအလင်းကတော့ နူးညံ့နွေးထွေးပြီး စိတ်ကျေနပ်စရာ ခံစားမှု ပေးစွမ်းနိုင်လို့ အိမ်၊ Hotel နဲ့ ဧည့်စောင့်ခန်း လို အခန်းတွေ အတွက် အသုံးပြုလို့ အဆင်ပြေပါတယ်ရှင့်။3500 K - Neutral Glow မဖြူမဝါအရောင် ဖြစ်ပြီး နွေးထွေး ကြိုဆိုတဲ့ ခံစားချက်ပေးနိုင်တာကြောင့် ရုံးခန်း၊ ဧည့်ကြိုကောင်တာ နဲ့ Supermarkets တွေလိုနေရာတွေမှာ အသုံးပြုနိုင်ပါတယ်။4000 K - Daylight Glow နေ့အလင်းရောင်ကာလာဖြစ်ပြီး သပ်ရပ်၊သန့်ရှင်းတဲ့ အရောင် ဖြစ်စေနိုင်လို့ သစ်သန့်သွားစေဖို့ ရုံးခန်း၊ စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ နေရာတွေမှာ ရှယ်အသုံးပြုပါရှင့်။5000 K - Crystal White ဒီအလင်းကတော့ အဖြူဘက်သွားတဲ့ အတွက်ကြောင့် တောက်ပပြီး Alert ဖြစ်စေနိုင်လို့ Graphics Industry၊ ဆေးရုံ နဲ့ ပုံပြခန်း လို နေရာတွေအတွက် အသုံးပြုရ အဆင်ပြေနိုင်ပါတယ်ရှင့်။ 6500 K - Blue White ဘက်သွားပြီး Daylight ဖြစ်တဲ့အတွက်ကြောင့် အလင်းများများလိုအပ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။ဒီ Lighting Temperatures တွေက ယေဘုယျ အသုံးပြုပုံကို ဖော်ပြပေးထားတာ ဖြစ်ပြီး ကိုယ့် စိတ်ကူး Ideas တွေအလိုက် စိတ်ကြိုက်ဖန်တီး အလှဆင်နိုင်ပါတယ်နော်။ ကဲ SBGG's တို့ရေ Lighting Temperatures တွေ သိပြီဆိုတော့ မိမိတို့ ပိုင်ဆိုင်တဲ့ အိမ်လေးတွေ Glow သွားစေဖို့ SBGG ရဲ့ Website ထဲမှာ Opple, Philips, Lumax နဲ့ ဘာတွေထပ်ရှိသေးပါလိမ့် ကြည့်ကြည့်လိုက်ပြီး Glow သွားစေဖို့ SBGG က တာဝန်ယူပေးပါရစေနော်...https://sawbwargyigone.com/product/9002/https://sawbwargyigone.com/product/14904/https://sawbwargyigone.com/product/74857/တိုက်ရိုက်ဆက်သွယ်ဖို့ဆိုရင်...
HOTLINE — 09 95 424 586609 970 180 55509 940 089 006ကို တိုက်ရိုက်ဆက်သွယ်ပေးကြပါနော်။
အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
website — sawbwargyigone.comAppStore — https://apple.co/3sYi6GDPlayStore — https://bit.ly/3t2Tmgcအိမ်ဆောက်မှာလား... SBGG ရှိတယ်။
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!