ကွန်ကရစ်လုပ်ငန်းအတွက် ကွန်ကရစ် Vibrators တွေဘာကြောင့်အသုံးပြုကြသလဲ??ကွန်ကရစ်လောင်းနေစဥ် အတွင်း ကွန်ကရစ်သိပ်သည်းအောင်ပြုလုပ်ခြင်း (Concrete Consolidation) လုပ်ငန်းစဥ်အတွက် Vibrators များကို အသုံးပြုကြပါတယ်။ Vibrators တွေကို အသုံးပြုခြင်းဖြင့် လောင်းပြီးကွန်ကရစ်အတွင်း ပိတ်မိနေတဲ့ လေပူဖောင်း ( Air Bubbles)တွေကို တုန်ခါမှုဖြင့် အပေါ်သို့တက်အောင်ဖယ်ရှားပေးပြီး၊ ကွန်ကရစ်ကို သိပ်သည်းအောင်လုပ်ဆောင်ပေးပါတယ်။ကွန်ကရစ် လုပ်ငန်းအတွင်း Vibrators တွေကို အသုံးပြုပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။(1) Increased Strength- စနစ်တကျ သိပ်သည်းမှုပေးထားသော ကွန်ကရစ်တွေက ကောင်းမွန်စွာ သိပ်သည်းထားခြင်းမရှိတဲ့ ကွန်ကရစ်တွေထက် ပိုမို တောင့်တင်းခိုင်မာပါတယ်။(2) Reduced Permeability- Vibrators အသုံးပြုပြီး သိပ်သည်းအောင်ပြုလုပ်ထားခြင်းကြောင့် ကွန်ကရစ်အတွင်း လေခိုပေါက်တွေ ဖယ်ရှားပြီး ရေစိမ့်ဝင်နိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ (3) Improved Surface Finish- သေသပ်ချောမွေ့တဲ့ အပြီးသတ် ကွန်ကရစ်မျက်နှာပြင် ရရှိစေနိုင်ပါတယ်။(4) Reduced Honeycombing- ကွန်ကရစ်အတွင်း လေခိုမှုကြောင့် ကွန်ကရစ်မျက်နှာပြင် အနာအဆာ ဖြစ်စေတဲ့ Honeycombing ဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။Vibrators အမျိုးအစားဘယ်နှစ်မျိုးရှိလဲ?Concrete Vibrators အမျိုးအစား မှာ အဓိကအားဖြင့် နှစ်မျိုးရှိပြီး၊ (1) Internal Vibrator(2) External Vibrator တို့ဖြစ်ပါတယ်။အတွင်းတုန်ခါစက် (Internal Vibrators) တွေကတော့ လောင်းပြီးကွန်ကရစ်ထဲ ထိုးသွင်းအသုံးပြုရခြင်းဖြစ်ပြီး၊ အပြင်တုန်ခါစက် (External Vibrators) တွေမှာတော့ မျက်နှာပြင်တုန်ခါစက် (Surface Vibrator) နဲ့ ကျောက်ပုံးတုန်ခါစက် (Form Vibrator) ဆိုပြီး အမျိုးအစားထပ်မံ ခွဲခြားကာ လုပ်ငန်းလိုအပ်ချက်အလိုက် သင့်တော်စွာ အသုံးပြုပေးနိုင်ပါတယ်။သံကူကွန်ကရစ် အဆောက်အုံတွေအတွက် လိုအပ်တဲ့ သံနဲ့ ဘိလပ်မြေကို SBGG မှာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အလွယ်တကူ မှာယူလို့ ရပါတယ်ရှင့်။��တိုက်ရိုက်ဆက်သွယ်ဖို့ဆိုရင်..
.HOTLINE — 09 95 424 586609 970 180 55509 940 089 006ကို တိုက်ရိုက်ဆက်သွယ်ပေးကြပါနော်။
အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
website — sawbwargyigone.comAppStore — https://apple.co/3sYi6GDPlayStore — https://bit.ly/3t2Tmgcအိမ်ဆောက်မှာလား... SBGG ရှိတယ်။
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!