SBGG's တို့ရေ...ဒီနေ့မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် အဓိကဆောက်လုပ်ရေးပစ္စည်းဖြစ်တဲ့ ဘိလပ်မြေကို သိုလှောင်သိမ်းဆည်းခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်အလက်လေးတွေကို Share ပေးပါရစေရှင့်။ခိုင်မာတောင့်တင်းပြီး အန္တ ရာယ်ကင်းတဲ့ အဆောက်အဦးရရှိဖို့အတွက်ဆို အရည်အသွေးပြည့်မှီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ အသုံးပြုဖို့ လိုအပ်တယ်ဆိုတာကိုတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ လူတိုင်းသိထားတဲ့ အချက်တစ်ခုပဲ မလားနော်။ ကဲ အဲ့တော့ အရည်အသွေးပြည့်မှီတဲ့ ဘိလပ်မြေရရှိဖို့အတွက် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်လေးတွေကို ပြောပြပါမယ်ရှင့်။ သိပြီးသားအချက်လေးတွေဆို သတိထားမိပြီး မသိသေးတာမျိုးဖြစ်တဲ့အခါလည်း သိရှိသွားစေဖို့ အတွက် ရည်ရွယ်ပါတယ်ရှင့်။ပထမဆုံး ဘိလပ်မြေ မှာယူပြီး မိမိတို့ လုပ်ငန်းခွင်ထဲ ပစ္စည်းရောက်လာတဲ့အခါ ပစ္စည်းလက်ခံသူမှ မှတ်တမ်းတင်ထားဖို့ လိုအပ်တဲ့ အချက်လေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ ဘိလပ်မြေ ရောက်သည့်နေ့ရက်နှင့် မှာယူသည့် ပစ္စည်းအရေအတွက်၊ ပေးသွင်းသည့် ဆိုင်နာမည်၂။ ဘိလပ်မြေ တံဆိပ်နှင့် အမျိုးအစား၃။ ပစ္စည်းလက်ခံသည့်နေရာ၄။ အသုံးပြုသည့် ရက်စွဲ၅။ ကွန်ကရစ်လုပ်ငန်းအတွက် နေ့စဥ်အလိုက် အသုံးပြုသည့် ဘိလပ်မြေ ပမာဏ အစရှိတဲ့ အချက်အလက်လေးတွေကို မှတ်သားထားရပါမယ်။ဘိလပ်မြေ သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်များ အရည်အသွေးပြည့်မှီတဲ့ ဘိလပ်မြေ ရရှိဖို့အတွက် ပစ္စည်းသိုလှောင်ထားရှိတဲ့အခါ သိုလှောင်ရုံအတွက် သင့်တင့်လုံလောက်သော လေဝင်လေထွက်ရရှိဖို့လိုအပ်ပြီး၊ ပစ္စည်း အမျိုးအစားနှင့် ရောက်ရှိသည့် နေ့ရက်အလိုက် အုပ်စုခွဲပြီး သိုလှောင်သိမ်းဆည်းထားခြင်းက ပစ္စည်း အရည်အသွေးကောင်းမွန်ခြင်းကို အထောက်အကူပြုပေးနိုင်ပါတယ်။သိုလှောင်ရုံ အတွင်း ဘိလပ်မြေ ထားရှိသည့်အခါ မြေအစိုဓာတ်ကြောင့် ဘိလပ်မြေခဲခြင်းမဖြစ်စေရန်အတွက် မြေပြင်ပေါ် တိုက်ရိုက်မထားဘဲ မြေပြင်အထက် ၃၀ စင်တီမီတာ ( ၁ ပေ နီးပါးခန့်) ထားရှိပေးရမည်ဖြစ်ပြီး၊ ဘိလပ်မြေအိတ်များကို ထပ်သည့်အခါ အများဆုံး ၁၀ အိတ်အထိသာ စီထားရပါမည်။ ဘိလပ်မြေအိတ်များကို ပလတ်စတစ်စများဖြင့် ဖုံးအုပ်ထားရမည်ဖြစ်ပြီး၊ ရောက်ရှိသည့် ရက်စွဲ အစဥ်လိုက် အသုံးပြုပေးခြင်းက လတ်ဆတ်သောဘိလပ်မြေကို ရရှိနိုင်မည် ဖြစ်ပါသည်။ မိမိတို့ လုပ်ငန်းအတွက် သိုလှောင်ရမည့် ဘိလပ်မြေ ပမာဏသည် လုပ်ငန်းအတွက် တစ်နေ့တာ အသုံးပြုမည့် ပမာဏ၏ သုံးဆကျော်ခန့် ထားရှိရမည်ဖြစ်ပါသည်။ အခု ဖော်ပြခဲ့တဲ့ အချက်လေးတွေကို သတိထားလုပ်ဆောင်ပြီး SBGG's (clover)တို့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါစေလို့ SBGG မှ ဆန္ဒပြုလိုက်ပါတယ်ရှင့်။ ဆောက်လုပ်ရေးပစ္စည်း နဲ့ ပတ်သတ်ပြီး Customers တို့ စိတ်တိုင်းကျ ဘာပဲလိုလို SBGG မှ ဝမ်းပန်းတသာ ဝန်ဆောင်မှု ပေးဖို့ အဆင်သင့်ပါရှင့်။ SBGG က Website နဲ့ App ရှိတဲ့အပြင် Customer စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးနိုင်တဲ့ Super Sales Team (wink)လည်းရှိတာမလို့ ဘာပဲလိုလို SBGG ရှိပါတယ်ရှင့်။တိုက်ရိုက်ဆက်သွယ်ဖို့အတွက် ဆိုရင်တော့...
HOTLINE — 09 95 424 586609 970 480 55509 970 180 55509 940 089 006ကို တိုက်ရိုက်ဆက်သွယ်ပေးကြပါနော်။
အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
website — sawbwargyigone.comAppStore — https://apple.co/3sYi6GDPlayStore — https://bit.ly/3t2Tmgc
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!