Loader
Explore more about our membership info
Read More

Rebar/Deformed Barအကြောင်း သိကောင်းစရာ

SBGG အတွက် ဒီတပတ် ပြောပြချင်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်းတိုင်းမှာ အတွေ့အများဆုံး သံကူကွန်ကရစ် (Reinforced Concrete) RC Building Design နဲ့ သူနဲ့ဆက်စပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေအကြောင်းပါ။ ပထမဆုံး သံကူကွန်ကရစ်မှာပါဝင်တဲ့ သံ (Rebar/Deformed Bar) နဲ့ပတ်သက်ပြီး မခြွင်းမချန် ပြောပြပါရစေတော့။ 


Rebar သံချောင်း ကတော့ Structure ရဲ့ Tension ဆွဲဆန့်အားကိုသာမက compression ဖိအားကိုပါခံနိုင်ရည်ရှိပါတယ်။ 

Rebar ရဲ့ Tension ခံနိုင်အားက concrete ခံနိုင်အားထက်အဆ100 ဝန်းကျင်ရှိပါတယ်။ဒါကြောင့် Reinforcements (Rebar) တွေကို concrete ထဲထည့်သုံးခြင်းအားဖြင့် အဆောက်အဦးရဲ့ tension ဒဏ်ရော compression ဒဏ်ရော ခံနိုင်သွားပါတယ်။ Rebar ရဲ့ အရှည်က 12m သို့ 40 ft ရှိပါတယ်။ စျေးကွက်ထဲမှာတော့ ပေအပြည့်မရှိဘဲ 39’ 4” ခန့် သာရှိပါတယ်။ Rebar တွေကို စျေးကွက်အတွင်း အမျိုးအစားသုံးမျိုးဝယ်ယူနိုင်ပါတယ်။

 HRB 400

 HRB 500

 LocalHRB ရဲ့ အရှည်ကောက်ကတော့ Hot-Rolled Ribbed Steel Bar ဖြစ်ပါတယ်။ 

HRB 400 နဲ့ 500 ကတော့ ပြည်ပနိုင်ငံတွေကနေ တင်သွင်းပြီး Local ဆိုတာတော့ ပြည်တွင်းစက်ရုံတွေကထုတ်လုပ်ထားတာပါ။

HRB နောက်က 400 နဲ့ 500 က ဘာကိုပြောတာလဲ 

အပေါ်မှာ ပြောခဲ့သလို Steel က ဝန်အားသက်ရောက်မှုရဲ့ ဆွဲဆန့်အား tension ကို ခံနိုင်ပါတယ်။ သူ့ရဲ့ခံနိုင်ဝန်ကို

- ပြိုကွဲပျက်စီးအား (Yield Strength) fy နဲ့

- ဆွဲဆန့်အား(Tensile Strength) fu တို့နဲ့ သတ်မှတ်ထားပါတယ်။

HRB 400 ကတော့ 

fy = 400 Mpa (58015 psi) 

HRB 500

 fy = 500 Mpa (72518.75 psi) 

သံချောင်းတွေရဲ့ Strength ကိုက်ညီမှု ရှိမရှိကိုတော့ အသိအမှတ်ပြုထားတဲ့ Laboratory တွေမှာ အောက်ပါ အချက်တွေအပေါ်မူတည်ပြီး စမ်းသပ်ရပါမယ်။

- ဆွဲဆန့်အား (Tensile Strength)

- ရှည်ထွက်မှု (Elongation)

- ပြိုကွဲပျက်စီးအား (Yield Strength)

- ကွေးညွတ်အား (Bend Test)Rebar ရဲ့ စမ်းသပ်မှုရလဒ်က သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုံးဝအသုံးမပြုသင့်ပါဘူး။ Rebar ရဲ့ sizeအရွယ်အစား နဲ့ တစ်တန်မှာရှိတဲ့ အရေအတွက်တွေကတော့

- 8mm ( 5/16” ငါးပဲ ) 180 nos

- 10mm (3/8” သုံးမူး ) 135 nos

- 12mm ( 1/2” ငါးမူး ) 88 nos

- 14mm ( 5/8” under ) 70 nos

- 16mm ( 5/8” ခြောက်မူး ) 53 nos

- 18mm ( 3/4” under ) 41 nos

- 20mm (3/4” သုံးမတ် ) 33 nos

- 22mm ( 7/8” မူးတင်း ) 27 nos

- 25mm ( 1” တစ်ကျပ် ) 21 nos

- 28mm 17 nos- 30mm 15 nos

- 32mm ( 11/4” ငါးမတ် ) 13.5 nos Rebar တွေရဲ့ Unit Weight ကိုသိဖို့ဒီ Formula လေးသုံးပြီး တွက်လို့ရပါတယ်။

0.00415 * d^2 ( lb / ft) 

0.006165 * d^2 ( kg / m ) , 

d= bar diameter ( mm ) 

E.g. ***10mm အချင်းရှိ Rebar ရဲ့ တစ်ယူနစ်အလေးချိန်

= 0.00415*10*10 

= 0.415 lb/ ft= 0.006165 * 10 * 10 = 0.6165 kg / m

သံချောင်းတွေမှာယူတဲ့အခါ တန်ဘယ်လောက် kg ဘယ်လောက်ဆိုတာတွက်ချက်နိုင်ဖို့သံချောင်းရဲ့ unit ဆက်သွယ်ချက်တွေက

1 ton = 1000 kgMetric ton = 2204 lb1 ton ( UK ) = 2240 lb

မိုးတွင်းလိုစိုစွတ်မှုများတဲ့ကာလတွေမှာRebar တွေကို order မှာယူတဲ့အခါ သံချေးတက်နေတတ်တာကို ရံဖန်ရံခါ တွေ့ကြုံနိုင်ပါတယ်။ 

သံချေးတက်တဲ့ Rebar တွေက Concrete လုပ်ငန်းအတွက် အဆင်ပြေနိုင်လား

- Rebar သံချောင်းတွေက စနစ်တကျထိန်းသိမ်းမှုမရှိရင် ပြင်ပလေ၊ရေ နဲ့ထိတွေ့မှုများပြီး သံချေးတက်နိုင်ပါတယ်။

- သံချေးတက်မှု ပမာဏ အနည်းအများအပေါ်မူတည်ပြီး Concrete လုပ်ငန်းအပေါ်ထိခိုက်နိုင်မှုရှိ၊မရှိ ဆုံးဖြတ်နိုင်ပါတယ်။

- ***သံချောင်းပေါ်မှာ သံချေးအလွှာပါးပါးလေးကပ်နေပြီး၊ သံချောင်းကကြမ်းကြမ်းလေး ဖြစ်နေမယ်ဆိုရင်တော့ Concrete နဲ့ သံချောင်းရဲ့ တွယ်မြဲစွဲကပ်အား( Bond Strength ) ကိုအနည်းငယ်ပိုကောင်းစေတဲ့ ကောင်းကျိုးရှိနိုင်ပါတယ်။

- ****အဲ့လိုမဟုတ်ဘဲ သံချေးတွေကအလွှာ-အချပ်-အစ-အန ကြွတက်ကွာထွက်ခြင်း (loose scaling) ဖြစ်နေပြီဆိုရင်တော့ ကွန်ကရစ်နဲ့ သံချောင်းရဲ့ တွယ်ကပ်အား Bond Strength ကိုထိခိုက်စေနိုင်လို့ စနစ်တကျဖယ်ရှားပြီးမှ အသုံးပြုသင့်ပါတယ်။

- သံချောင်းပေါ်မှာ ရွှံ့၊ ဆီ၊ သုတ်ဆေး၊ အလွှာ-အစ-အနလေးများအဖြစ် ပွတက်နေတဲ့သံချေး၊ သံချေး အလွှာချပ်များ၊ ချောဆီများ၊ သံချောင်း (သို့ )ကွန်ကရိကို ဓါတုဗေဒနည်းအရ ဓါတ်ပြုပျက်စီးစေနိုင်တဲ့ မည်သည့်အရာဝတ္ထုမဆို ပါဝင်သွားခြင်း မရှိစေအောင် သေချာဂရုပြုပြီး အသုံးပြုသင့်ပါတယ်။Reinforced Concrete (RC building)တွေကို ဒီနေ့ခေတ် အသုံးပြုခြင်းများလာရတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ချို့အနေနဲ့ကတော့- အသွင်အပြင်ပိုင်းမှာ ခေတ်မှီတဲ့ပုံစံနဲ့ တွေ့မြင်နိုင်တယ်။- ရှောင်လွှဲမရနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေဒဏ်၊ လေဒဏ် ၊ မိုးဒဏ် အပြင် ငလျင်ဒဏ် ခံနိုင်အောင်ပါ Design တွက်ချက်ထားတာမို့လို့ ပူပင်စရာမလိုဘဲ စိတ်အေးအေးနေနိုင်တယ်။

- RC structure က အရမ်းကို တောင့်တင်းခိုင်မာမှုရှိသလို ထိန်းသိမ်းမှုစရိတ်လဲ နည်းပါးတယ်။

- ကွန်ကရစ်ထဲပါတဲ့ သဲ၊ ကျောက်၊ ရေ၊ ဘိလပ်မြေတို့က ကိုယ့်ဒေသအရအလွယ်တကူဝယ်ယူအသုံးပြုနိုင်လို့ ကုန်ကျစရိတ်လည်း သက်သာစေနိုင်ပါတယ်။အိမ်ဆိုတာဟာ လူသားတွေကို ဒိုင်းသဖွယ် ကာကွယ်ပေးနေတဲ့ အဆောက်အဦပဲဖြစ်ပါတယ်။ လူတွေအိမ်အပြင်ထွက်တဲ့အခါ နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်ကို ခံရသလို ကိုယ်နေတဲ့ အဆောက်အဦက ဥတုသုံးပါးစလုံးကို အမြဲခံစားရပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အကာကွယ် ပေးပြီးအကျိုးပြုနေတဲ့ အိမ်လေးဆောက်ဖို့စဉ်းစားနေရင်တော့ အရေးအကြီးဆုံးဖြစ်တဲ့ ဆောက်လုပ်ရေးပစ္စည်းလေးတွေကို ဂရုစိုက်ရွေးချယ်ပြီး အချိန်မတိုင်ခင် ပျက်စီးမှုတွေမဖြစ်စေဖို့ နားလည်တတ်ကျွမ်းသူတွေနဲ့ဆောက်လုပ်သင့်ပါတယ်လို့ အကြံပြုရင်းကိုယ့်စိတ်ကူးထဲကအိမ်ဒီဇိုင်း လှလှလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။သံအမျိုးမျိုးကို SBGG မှာ တင်းပြည့်ကျပ်ပြည့် အလွယ်လေး ဝယ်လို့ ရနေပါပြီ။

SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့09 970 480 55509 970 180 555 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ Delivery ကလည်း ဂျူလိုင်၊ သြဂုတ်လအတွင်း FREE ဆိုတော့ ဘာလိုသေးလဲ။#sbgg #sawbwargyigone #rebar #DeformedBar


Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false