Loader
Explore more about our membership info
Read More

TOA ဆိုတာ ?


TOA ဆိုတာ...?

TOA အိမ်သုတ်ဆေးလေးကတော့ ဘယ်လိုအဆောက်အဦအတွက်ကိုမဆို လှပမှု၊ ခိုင်ခံ့မှု၊ တာရှည်ခံမှု၊ စိတ်ချရမှု၊ စိတ်ချမ်းသာမှုတွေကို ဦးစားပေးထုတ်လုပ်ထားတဲ့ ကမ္ဘာ့အဆင့်မီ အိမ်သုတ်ဆေးလေးပဲဖြစ်ပါတယ်။

ဘယ်လို စတင်ခဲ့လဲ?

TOA ဟာ “SuperShield” အမှတ်တံဆိပ်နဲ့ စျေးကွက်ကိုစတင်ခဲ့ပြီး အမေရိကန်နည်းပညာတွေကို အသုံးပြုကာ 100% သန့်စင်တဲ့ Acrylic ဆေးနဲ့ တာရှည်ခံနိုင်ရည်ရှိစေတဲ့ Polyvinyl Acetate (“PVAc”) ဆေးကို ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံအများအပြားမှာ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ အိမ်သုတ်ဆေး ကုမ္ပဏီပါ။ TOA အိမ်သုတ်ဆေးဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ အိမ်သုတ်ဆေးဖြစ်ပြီး နိုင်ငံတကာအဆင့်မီ နည်းပညာတွေနဲ့အညီ ထုတ်လုပ်ထားတာမို့လို့ ခိုင်ခံ့မှုနဲ့ တာရှည်ခံမှုမှာ အထူးစိတ်ချရပါတယ်။

TOA Paint ကို ၁၉၆၄ ခုနှစ်မှာ ဂျပန်နိုင်ငံကနေ စတင်ထုတ်လုပ်ခဲ့ကာ ကိုယ်ပိုင်စက်ရုံကိုတော့ ထိုင်းနိုင်ငံမှာ ၁၉၇၂ ခုနှစ်က စတင်တည်ထောင် ထုတ်လုပ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အသုံးပြုမယ့်သူတွေနဲ့ ပြန်လည်ရောင်းချမယ့်သူတွေအတွက် အလတ်စားအဆင့်နဲ့ စီးပွားရေးလုပ်ငန်းသုံးအဆင့်ကနေ အဆင့်မြင့်ဆုံး အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေအထိ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

TOA ဟာ ၁၉၇၇ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ခဲ၊ ပြဒါးနဲ့ heavy metal-free ဖော်မြူလာတွေနဲ့ Emulsion ဆေးတွေကို အောင်မြင်စွာမိတ်ဆက်ပေးခဲ့တဲ့ ပထမဆုံး သုတ်ဆေးထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ TOA Myanmar ကို ၂၀၁၉ ခုနှစ်၊ သီလဝါစက်မှုဇုန်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ operation တွေကို စတင်ပြုလုပ်ခဲ့ပါတယ်။ TOA မှာ products အမျိုးအစားကို ၇ မျိုးထိ ထုတ်လုပ်ထားပြီး ပါဝင်တဲ့ products တွေကတော့ Decorative Coatings ၊ Construction Chemicals ၊ Special Paint ၊ Wood Coatings ၊ Heavy Duty Coatings ၊ Gypsum တွေအပါအဝင် Hardware & Power Tools တွေလည်း ရရှိနိုင်ပါတယ်။

TOA အိမ်သုတ်ဆေးကို ဘာကြောင့်ရွေးချယ်သင့်တာလဲ?

TOA အိမ်သုတ်ဆေးဟာ အသုံးပြုမယ့် နေအိမ်၊ အဆောက်အဦနဲ့ နေရာအပေါ်မူတည်ပြီး အိမ်သုတ်ဆေးအမျိုးအစားတွေ၊ ကုန်ကျစရိတ်တွေ၊ ကြိုက်နှစ်သက်တဲ့အရောင်နဲ့ class တွေကို လွတ်လပ်စွာ ရွေးချယ်အသုံးပြုနိုင်တာမို့လို့ အသုံးပြုသူ customers များအတွက် သိပ်ကိုအဆင်ပြေစေမယ့် အိမ်သုတ်ဆေး အမျိုးအစားပဲဖြစ်ပါတယ်။TOA ဟာ အရောင်ရွေးချယ်မှုအပိုင်းမှာဆိုရင် အထူးရှေ့ဆောင် သုတ်ဆေးကုမ္ပဏီလို့တောင် တင်စားလို့ရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကြိုက်နှစ်သက်ရာအရောင်ကို စိတ်ကြိုက်ရွေးချယ်ပြီး ရွေးတဲ့အရောင်အတိုင်းရနိုင်ဖို့ တထိုင်တည်း ရောစပ်ထုတ်လုပ်ပေးနိုင်တဲ့ နည်းပညာကို ပိုင်ဆိုင်ထားလို့ပါပဲ။TOA က အသုံးပြုတဲ့သူတွေအတွက် coatings ပိုင်းတွေကို တဆင့်ခြင်း ရှင်းလင်းစွာ ဖော်ပြပေးထားတဲ့အတွက် တာရှည်ခံမှု၊ ခိုင်ခံ့မှုတွေနဲ့ စိတ်ကျေနပ်မှုတွေကို ခံစားရစေမှာ အသေအချာပါ။

TOA မှာဆိုရင် အိမ်သုတ်ဆေးတွေအပြင် ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ Tools အမျိုးအစားစုံစုံလင်လင် ရရှိနိုင်တာမို့လို့ တနေရာထဲမှာပဲ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။TOA အိမ်သုတ်ဆေးတွေနဲ့ ပတ်သက်ပြီး စိတ်ကြိုက် ရှာဖွေလေ့လာဖို့အတွက်ကတော့ ဒီ https://bit.ly/3tjwslz ကနေပြီး ဝင်ရောက်လို့ရပါတယ်။အိမ်သုတ်ဆေးတွေနဲ့ ပတ်သက်ပြီး လေ့လာမနေချင်ဘူး။ အားလုံးကို တထိုင်တည်းနဲ့လိုချင်တယ် ဆိုရင်တော့ SBGG ကိုသာ ဆက်သွယ်လိုက်ပါတော့နော်။ sawbwargyigone.com ဒါမှမဟုတ် SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့09 970 480 55509 970 180 555 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။Website : www.sawbwargyigone.comPlayStore: bit.ly/3L4Qbv3AppStore: တို့ကနေတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။#sbgg #sawbwargyigone #paint #TOA

Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false