Loader
Explore more about our membership info
Read More

ဒီနေ့ခေတ် ဘက်ထရီ နည်းပညာတွေ


Solar panels တွေအကြောင်းပြောရင် ဘက်ထရီတွေအကြောင်းက ဘယ်လိုမှ ချန်လှပ်ထားလို့မရပါဘူး။ ဘက်ထရီသည်သာ အားကိုးရာ ဖြစ်နေဆဲပါပဲ။ အက်ဆစ်ထည့်သုံးတဲ့ ဘက်ထရီတွေကိုတော့ ကြုံဖူးကြမှာပါ။ စိတ်ညစ်ဖို့ကောင်းတယ်။ အက်ဆစ်နဲ့ မိုးရေ ချိန်ဆရတယ်။ အချိန်မှန် maintain လုပ်ပေးရတယ်။ နောက်ပိုင်းမှာတော့ Li-ion တွေထွက်လာတယ်။ ဘယ်ဟာတွေ ဘယ်လိုပိုကောင်းတယ်၊ ဘယ်ဟာတွေမှာ ဘယ်လို အားနည်းချက်တွေရှိသလဲဆိုတာတွေကိုတော့ ဆက်လက် ဖတ်ရှုပေးကြပါဦးနော်။


Lead acid batteries

အလွယ်ဆိုရင်တော့ အက်ဆစ် ဘက်ထရီပေါ့။ ၁၈၀၀ ခုနှစ်လောက်ကတည်း သုံးလာကြတာပါတယ်။ ထိန်းသိမ်းမှု ကောင်းကောင်းလုပ်ပေးနိုင်ရင် ကြာရှည်လည်းခံ၊ အားလည်းခံတာမို့လို့ ကာလရှည်သုံးစွဲလာတဲ့ ဘက်ထရီအမျိုးအစားပါ။ ဒါကြောင့်လည်း ယုံကြည်စိတ်ချရတယ်ဆိုပြီး ပိုပြီးဖြစ်လာတာပေါ့။


အားသာချက်

ဈေးသက်သာတာပါ။ နောက်ပြီး ကာလရှည်သုံးစွဲလာတာဖြစ်တဲ့အတွက် စိတ်လည်း စိတ်ချကြတယ်။ Recycle လုပ်ဖို့လည်း လွယ်တယ်လေ။Lithium-ion batteriesပုံမှန် အက်ဆစ်လဲပေးတာမျိုး လုပ်ပေးရတယ်။ မလုပ်ပေးရင် သက်တမ်းတိုတယ်။ မသုံးဘဲထားရင်လည်း သက်တမ်းတိုတယ်။အကောင်းဆုံးကမီးပြတ်တောက်တာမျိုးမှာ ယာယီအသုံးပြုဖို့အတွက်ဆိုရင်တော့ ဈေးသက်သာလှတဲ့ ရွေးချယ်စရာပါပဲ။


Lithium ion batteries

Li-ion ကတော့ ဈေးကွက်ထဲ hot နေတဲ့ ခြေစွမ်းပြ တိုက်စစ်မှူးပါ။ လျှပ်စစ်ကားခေတ်ရောက်တော့ ပိုပြီး ကျော်ကြားလာတာပေါ့။ EV (Electric Vehicle) ထုတ်လုပ်သူတွေဟာ Li-ion ဘက်ထရီရဲ့ အလားအလာကို သဘောပေါက်ခဲ့ကြပြီး အခုအချိန်မှာတော့ solar battery banks တွေဟာ Lithium-ion ဘက်ထရီ အများစုပါ။ 


အားသာချက်

ဘာ ပုံမှန် maintenance တွေမှ မလိုသလောက်ပါပဲ။ ပေးရတဲ့ နေရာပမာဏချင်းတူရင် Li-ion က ရိုးရိုး အက်ဆစ် ဘက်ထရီထက်စာရင် အားကို ပိုပြီး သိမ်းဆည်းထားနိုင်ပါတယ်။ သက်တမ်းကလည်း အကြာကြီးခံတယ်။ ပျမ်းမျှကတော့ အနည်းဆုံး ၁၀ နှစ်ပေါ့။ အကုန်နီးပါးသုံး၊ အပြည့်နီးပါးဖြည့်ဆိုတာ Li-ion ဘက်ထရီတွေရဲ့ သတိပြုစရာ အချက်တခုပါပဲ။အားနည်းချက်ဈေးကြီးတာရယ်။ နောက်တခုက မီးလောင်ပိုလွယ်တာပါ။ Installation လုပ်တဲ့အချိန်မှာ စနစ်ကျဖို့ သိပ်အရေးကြီးပါတယ်။အကောင်းဆုံးကဘက်ထရီအတွက် သီးသန့်နေရာပေးပြီး အသုံးပြုနိုင်တဲ့ စုပေါင်းအိမ်ရာတွေမှာ စုပေါင်းအသုံးပြုတာဟာ အကောင်းဆုံးပါပဲ။


Nickel cadmium batteries

Ni-Cd ဘက်ထရီ အက်ဆစ်နဲ့ Li-ion ဘက်ထရီတွေလောက် အသုံးမများသေးပါဘူး။ Aircraft နယ်ပယ်မှာတော့ သိပ်နှစ်သက်ကြတဲ့ ဘက်ထရီအမျိုးအစား ဖြစ်နေပါပြီ။


အားသာချက်

Ni-Cd ရဲ့ အဓိက အကျိုးကျေးဇူးက ခံနိုင်ရည်စွမ်းမြင့်တာပါ။ အပူအအေး ကွာဟချက် ကြီးကြီးမားမားမှာလည်း ခံနိုင်ရည်က ရှိပြန်ပါသေးတယ်။ နောက်တခုက ဘာ maintenance မှလုပ်စရာ မလိုတာပါ။

အားနည်းချက်

Ni-Cd မှာ မပါမဖြစ် cadmium က အရမ်းပြင်းတဲ့ အဆိပ်ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် cadmium ကို တားမြစ်ထားတာမျိုးတွေတောင်မှ ရှိတယ်။ နောက်တမျိုးက အားကို ထိမ်းသိမ်းထားနိုင်စွမ်း စွမ်းဆောင်ရည်က အကန့်အသတ်ရှိနေတာပဲ ဖြစ်ပါတယ်။အကောင်းဆုံးကကြီးကြီးမားမား သီးသန့်နေရာပေးထားတဲ့ နေရမျိုးတွေမှာ အသုံးပြုရင် အကောင်းဆုံးပါ။


Flow batteries

သူကတော့ အခုမှ ဖွံ့ဖြိုးဆဲ နည်းပညာဖြစ်ပါတယ်။ရေကိုအခြေခံတဲ့ electrolyte liquid ဟာ ခွဲထားတဲ့ chambers ဒါမှမဟုတ် tanks နှစ်ခုကြား စီးဆင်းစေတဲ့ နည်းပညာမျိုးပါ။ ဒါကြောင့် အရွယ်အစားကြီးမားပြီး ဈေးနှုန်းအားဖြင့်လည်း မြင့်မားပါတယ်။ 


အားသာချက်

Flow ဘက်ထရီတွေရဲ့ အားသာချက်တခုက အားအကုန်သုံးပစ်လို့ရတာပါ။ ဒီလိုသုံးပစ်လို့ Li-ion လိုမျိုး ဘက်ထရီသက်တမ်း တိုစေတာမျိုး မဖြစ်ပါဘူး။ အသုံးပြုထားတဲ့ liquid ဟာ မီးလောင်မလွယ်ဘူး။ နောက်တချက်က သက်တမ်းပါ။ Flow ဘက်ထရီတွေရဲ့သက်တမ်းက နှစ် ၃၀ လောက်အထိ ခံပါတယ်။ နောက်ဆုံးအချက်ကတော့ maintenance လုပ်စရာ အရမ်းနည်းတာပါ။

အားနည်းချက်

Flow ဘက်ထရီကတော့ ဈေးအကြီးဆုံး ဘက်ထရီ အမျိုးအစားဖြစ်ပါတယ်။ ပါဝါစုဆောင်းနိုင်စွမ်းမှာလည်း တူတယ်ဆိုရင် နေရာက တော်တော်လေး ပိုယူပြန်သေးတယ်။ ပိုဆိုးတာက အရွယ်အစားဟာ အားအဝင် အနှေးအမြန်ကို သွားပြီး အကျိုးသက်ရောက်တာပါပဲ။ အရွယ်အစားကြီးလေ၊ အားပိုခံလေ၊ အားအဝင်မြန်လေ။ အရွယ်အစားငယ်လေ၊ အားသိပ်မခံလေ၊ အဝင်နှေးလေ ပါ။အကောင်းဆုံးကသူ့ရဲ့ နေရာယူမှုဟာ အများနဲ့မတူတဲ့အတွက် သုံးမယ်ဆိုရင်တော့ Ni-Cd ဘက်ထရီ သုံးတဲ့နေရာထက် ပိုကြီးတဲ့ နေရာမှာ သုံးရမှာပါပဲ။ ဒီလိုအခြေအနေမှာ flow ဘက်ထရီရဲ့ အားသာချက်က လုံးဝ အဆိပ်မသင့်တာပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်အိမ်ကိုယ့်ရာမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ ဘက်ထရီနဲ့အတူ ဆိုလာတပ်ဖို့ဆိုရင် SBGG က အကောင်းဆုံး ဆက်သွယ်အကူအညီပေးနိုင်ပါတယ်။ 

sawbwargyigone.com ဒါမှမဟုတ် SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့

 09 970 480 555

 09 970 180 555

 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Website : www.sawbwargyigone.com

PlayStore: bit.ly/3L4Qbv3

AppStore: တို့ကနေတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။

#sbgg #sawbwargyigone #solarpanels #Battery

Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false