Loader

ခေတ်ကိုက မီးစက်တွေ လိုအပ်တဲ့ခေတ်


ခေတ်ကိုက မီးစက်တွေ လိုအပ်တဲ့ခေတ်။ ရေရှည်မှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သုံးချင်ရင် solar panels တွေ တပ်ဆင်တာဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပေမဲ့ မီးစက်တွေရဲ့ လိုအပ်ချက်ကတော့ လျော့ပါးလို့ မသွားသေးပါဘူး။

ဒါပေမဲ့ ဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက် အဆင်ပြေမယ့် မီးစက်ဟာ ဘယ်လိုဖြစ်မလဲ။ သာမန်လူ တယောက်အနေနဲ့ တွက်ချက်ဖို့ ခက်ပါလိမ့်မယ်။ မီးစက်တွေဟာ မတူညီတဲ့ wattages (ဝပ်တွေ) တွေနဲ့ ထုတ်လုပ်ထားကြတာပါ။ မီးစက်အသေးတွေဟာ အိမ်သုံးပစ္စည်း ၁ ခု ဒါမှမဟုတ် ၂ ခုကို ပါဝါပေးနိုင်ပေမဲ့ home standby generator လို့ခေါ်တဲ့ အိမ်သုံးမီးစက် အလတ်စားတွေကတော့ နေအိမ်တခုလုံးကို ပါဝါ ကောင်းကောင်းပေးနိုင်ပါတယ်လို့ အလွယ်နည်းနဲ့ မှတ်ထားလို့ရတယ်။

ဘယ်လောက် wattages ထွက်တဲ့ မီးစက်လိုအပ်မလဲ တိတိကျကျလေး တွက်ချက်ချင်တယ်ဆိုရင်တော့ ဆက်လက်ဖတ်ကြည့်ကြပါနော်။

Wattages တွေအကြောင်း

ပထမဆုံး သိထားသင့်တာက အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ starting, running နဲ့ surge wattage တွေကိုပါ။

Starting wattage: သူကတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတခု စစဖွင့်လျှင် ဖွင့်ခြင်း လိုအပ်တဲ့ wattage ပမာဏဖြစ်ပါတယ်။ များသောအားဖြင့် starting wattage ဟာ running wattage ထက် နှစ်ဆကနေ သုံးဆအထိ ပိုများလေ့ရှိတာပါ။

Running wattage: သူကတော့ သိတဲ့အတိုင်း အိမ်သုံးလျှပ်စစ်ပစ္စည်းသုံးနေတဲ့အချိန်မှာ လိုအပ်တဲ့ wattage ဖြစ်ပါတယ်။ Rated wattage လို့လည်း ခေါ်ကြတယ်။ အများအားဖြင့် အိမ်တလုံးမှာ wattage ဘယ်လောက်လိုသလဲဆိုပြီး တွက်ချက်တဲ့နေရာမှာ running wattage ကို သုံးလေ့ရှိကြတာပါ။

Surge wattage: သူကတော့ မီးစက်က ထုတ်ပေးနိုင်တဲ့ အမြင့်ဆုံး wattage ပမာဏပါ။ အဆောက်အဦတခုမှာ ရှိရှိသမျှ လျှပ်စစ်ပစ္စည်းအားလုံးကို သုံးချင်တယ်ဆိုရင်တော့ အလွယ်အားဖြင့် အကြံပေးချင်တာက လိုအပ်တဲ့ wattage ပမာဏကို ၁,၀၀၀ ကနေ ၂,၀၀၀ ထပ်ပေါင်းထည့်ပြီး ကိုက်ညီတဲ့ surge wattage ထုတ်ပေးနိုင်တဲ့ မီးစက်မျိုးကို ဝယ်ယူသင့်ပါတယ်။

ဘယ်ပစ္စည်းက wattage ဘယ်လောက်လောက် လိုမလဲ

အခုဆက်လက်ဖေါ်ပြမှာက အိမ်သုံး လျှပ်စစ်ပစ္စည်းတွေရဲ့ လိုအပ်တဲ့ ခန့်မှန်း wattage ပမာဏဖြစ်ပါတယ်။ Running wattages တွေဖြစ်တဲ့အတွက် starting wattage ကတော့ သိတဲ့အတိုင်း နှစ်ဆ၊ သုံးဆ ပိုများပါလိမ့်မယ်။

* Coffee maker: 400–800 watts
* Microwave: 1,200 watts
* Refrigerator/freezer: 600–800 watts
* Space heater: 1,250 watts
* Toaster: 1,100–1,700 watts
* Electric oven: 5,000 watts
* Personal computer: 500–2,000 watts
* Television: 100–350 watts
* Table lamp: 150 watts
* Hair dryer: 1,200–1,500 watts
* Cell phone battery charger: 10 watts (ခုနောက်ပိုင်း fast charger တွေမှာ 20-30 watts အထိ လိုအပ်)
* Video game console: 200 watts
* Washing machine: 750 watts

အထက်ပါစာရင်းကတော့ wattage နည်းပါးတဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်ပြီး အောက်မှာ ဆက်လက်ဖေါ်ပြမှာကတော့ wattage ပိုများတဲ့ အိမ်သုံးပစ္စည်းတွေဖြစ်ပါတယ်။

* Central air conditioning: 2,000–4,000 watts
* Window air conditioning unit: 600–1,500 watts
* Electric furnace: 5,000–25,000 watts
* Water heater: 3,000–4,500 watts
* Sump pump: 1,500 watts
* Radiant heater: 1,300 watts
* Outdoor lighting: 500–1,000 watts

တိတိကျကျ တွက်ထုတ်ချင်တယ်ဆိုရင်တော့ ကိုယ့်အိမ်မှာ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်မီး အားလုံးရဲ့ wattage တွေကို အတိအကျပေါင်းပြီး တွက်ရမှာပါ။ Owner’s manuals နဲ့ specifications တွေမှာ ရှာလို့ရပါလိမ့်မယ်။

Budget ချွေတာချင်ရင်တော့ အားလုံးတွက်ပြီး ထွက်လာတဲ့ အဖြေထက် အနည်းဆုံး 100 ကနေ 200 watts လောက် ပိုထုတ်ပေးနိုင်တဲ့ မီးစက်မျိုးကို ဝယ်ယူရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ပေါပေါများများသုံးချင်ရင်တော့ wattage 1,000 - 2,000 လောက် ပိုတာကို ဝယ်ယူပါ။ မီးပြတ်တာနဲ့ မီးလာတာ ဘာမှ မကွဲပြားတော့ဘူးပေါ့။

မီးစက်က ကြီးလေ ကောင်းလေတော့ မဟုတ်ပါဘူး။ လိုအပ်ချက်ထက် အများကြီးပိုများနေရင် မီးစက်ဖိုးနဲ့ ဆီးဖိုး အလဟဿ ပိုကုန်တာပဲ ရှိပါလိမ့်မယ်။ သေးနေရင်လည်း မဟုတ်ပြန်ပါဘူး။ လိုအပ်တဲ့ wattage ထက် နည်းနေမယ်ဆိုရင် မီးစက်က မနိုင်မနင်း ပိတ်သွားပြီး စက်ရော၊ လျှပ်စစ်ပစ္စည်းတွေပါ ထိခိုက်ပါလိမ့်မယ်။ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတာ အကောင်းဆုံးပါပဲ။

SBGG မှာလည်း အိမ်သုံးမီးစက်တွေ ရောင်းချနေကြောင်း အသိပေးပါရစေ။ ဒီ https://bit.ly/3ahgCkJ link မှာ အလွယ်တကူ ဝင်ရောက်ကြည့်ရှု ဝယ်ယူနိုင်ပါတယ်နော်

sawbwargyigone.com ဒါမှမဟုတ် SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့
📱09 970 480 555
📱09 970 180 555
📍 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
Website : www.sawbwargyigone.com
PlayStore: bit.ly/3L4Qbv3
AppStore: 🔜
တို့ကနေတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။

#sbgg #sawbwargyigone #generator #house #home

Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 False false