SBGG နဲ့ ပတ်သက်ပြီး လတ်တလော အမေးများတဲ့ မေးခွန်းတွေနဲ့ အဖြေလေးတွေကို တင်ပါရစေနော်။ အားလုံးလည်း ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့ရယ်။
🆀 ငွေပေးချေမှုပုံစံက ဘယ်လိုပါလဲ။
လက်ရှိအခြေအနေမှာ ငွေပေးချေမှုပုံစံက ၃ မျိုးရှိပါတယ်။
1. Cash-in-advanced ကြိုတင် ငွေပေးချေမှုပုံစံ
(a) စုစုပေါင်းတန်ဖိုးရဲ့ ရာခိုင်နှုန်းတခု (၅၀% ဝန်းကျင်) သတ်မှတ်ပြီး ကြိုတင် ပေးချေထားလို့ရပါတယ်။
(b) ပစ္စည်းပမာဏများပြားတာတွေ၊ ရန်ကုန်တိုင်းအတွင်းမှ မဟုတ်တာတွေအတွက် အသုံးများပါတယ်။ ကားဂိတ် ပို့ပေးတဲ့ ပစ္စည်းတွေကိုတော့ ကားဂိတ်မှာ ပစ္စည်းစစ်ပြီး ငွေအကြေ ချေရမှာ ဖြစ်ပါတယ်။
(c) မည်သို့ဆိုစေ ပစ္စည်းလက်ခံရရှိသူဆီ ရောက်ရှိစစ်ဆေးပြီးတဲ့အခါမှာတော့ ငွေအကြေပေးချေရမှာ ဖြစ်ပါတယ်။
2. Cash-on-delivery
(a) ရန်ကုန်တိုင်းအတွင်း အသုံးများတဲ့ နည်းဖြစ်ပါတယ်။
(b) ပစ္စည်းလက်ခံသူက ရောက်ရှိပစ္စည်းကို စစ်ဆေးပြီးတဲ့အခါမှာ ငွေအကြေပေးချေ သွားရမှာဖြစ်ပါတယ်။
3. KPay, APay, A+Pay, CBPay, MPU စတဲ့ Mobile Wallet များဖြင့် မကြာခင် ပေးချေလို့ရအောင် ဆောင်ရွက်လျက်ရှိပါတယ်။
4. Bank Transfer
(a) လက်ရှိအရောင်းအဝယ်ဈေးကွက် လုပ်ထုံးလုပ်နည်းများနဲ့ အညီသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
(b) ကြိုတင်လွှဲပြီးဝယ်ယူနိုင်သလို ရန်ကုန်တိုင်းအတွင်း ပစ္စည်းအရောက် ငွေလွှဲပြီးလည်း ဝယ်ယူနိုင်ပါတယ်။
🆀 ဝယ်ပြီးပစ္စည်းတွေကို ပြန်လဲလို့ ရပါသလား။
Delivery က လာရောက်ပို့ဆောင်တဲ့အခါမှာ မှာယူထားတဲ့ ပစ္စည်း မှန်/မမှန်၊ မှာယူထားတဲ့ အရည်အသွေး ဟုတ်/မဟုတ်၊ အရေအတွက် ဟုတ်/မဟုတ် အပြစ်အနာအဆာ ပါ/မပါ စစ်ဆေးပြီး လက်ခံသူက ရယူရမှာဖြစ်ပါတယ်။ စစ်ဆေးလက်ခံပြီး ပစ္စည်းများကို ပြန်လဲ မပေးပါဘူးခင်ဗျာ။
🆀 ဝယ်ပြီးပစ္စည်းတွေကို ပြန်ပေးလို့ ရပါသလား။
Delivery က လာရောက်ပို့ဆောင်တဲ့အခါမှာ မှာယူထားတဲ့ ပစ္စည်း မှန်/မမှန်၊ မှာယူထားတဲ့ အရည်အသွေး ဟုတ်/မဟုတ်၊ အပြစ်အနာအဆာ ပါ/မပါ စစ်ဆေးပြီး လက်ခံသူက ရယူရမှာဖြစ်ပါတယ်။ စစ်ဆေးလက်ခံပြီး ပစ္စည်းများကို ပြန်ပေးလို့ မရပါဘူးခင်ဗျာ။
🆀 ဝယ်ပြီးပစ္စည်းကို ငွေမချေ၊ မယူလို့ ရပါသလား။
SBGG Account တခုကို တကြိမ်တခါတော့ လုပ်လို့ရပါတယ်။ ဝယ်ပြီး ပစ္စည်းကို လာရောက်ပို့ဆောင်ချိန်မှာ အမှားအယွင်းတစုံတရာမရှိဘဲ အကြောင်းမဲ့သက်သက် မယူ၊ ငွေမချေရင်တော့ အဆိုပါ account ကို Black List သတ်မှတ် ကြေညာသွားမှာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ကြေညာတာဟာ public ဖြစ်တာကြောင့် black list သတ်မှတ်ခံရတဲ့ account ဒါမှမဟုတ် phone number ဟာ လူတိုင်းက တွေ့မြင်မှတ်သားလို့ ရနိုင်မှာပါ။
🆀 ဝယ်ပြီး ပစ္စည်းတွေ လက်ခံတဲ့အခါမှာ ပျက်စီးမှုတွေ ကြုံလာရင် ဘယ်လို တာဝန်ယူပေးမှာလဲ။
ဝယ်ပြီးပစ္စည်းတွေလက်ခံရယူတဲ့အခါမှာ ပျက်စီးမှုတွေ၊ အရည်အသွေး ကွာဟနေတာတွေ၊ အရေအတွက် ကွာဟနေတာတွေနဲ့ ကြုံတွေလာရင် ပြန်လည် လဲလှယ် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။
🆀 ဝယ်ပြီးပစ္စည်းတွေရဲ့ Warranty ကို ဘယ်လိုဖြေရှင်းပေးမှာလဲ။
ဝယ်ယူပြီး ပစ္စည်းတွေမှာ မူရင်း ကုမ္ပဏီတွေက ပေးထားတဲ့ warranty အတိုင်း ရရှိမှာဖြစ်ပါတယ်။
🆀Website မှာ ရှာလို့မတွေ့တဲ့ ပစ္စည်းတွေရော မှာလို့ ရပါသလား။
sawbwargyigone.com website မှာပဲဖြစ်ဖြစ် SBGG mobile apps တွေမှာပဲဖြစ်ဖြစ် data တွေ၊ items တွေကို ရနိုင်သလောက် ထပ်ထပ်ဖြည့်သွားဖို့ ရှိနေပါတယ်။
ဒါကြောင့် web မှာဖြစ်ဖြစ် app မှာဖြစ်ဖြစ် ရှာလို့မတွေ့တဲ့ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ နေအိမ်အသုံးဆောင်ပစ္စည်း ဘာကိုမဆို တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။sawbwargyigone.com ဒါမှမဟုတ် SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့09 970 480 55509 970 180 555 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။Website : www.sawbwargyigone.comPlayStore: bit.ly/3L4Qbv3AppStore: တို့ကနေတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။#sbgg #sawbwargyigone #FAQ #construction #buildingmaterials #ecommerce
Your comments, ideas and questions push us to go that extra mile, every time. So drop us a line!