Loader
Explore more about our membership info
Read More

SBGG ၏ Member benefits မူဝါဒ

ရည်ရွယ်ချက်

၁။ Purchasers များကို သီးသန့် ရည်ရွယ်၍ အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်သည်။​ ထို့ကြောင့် ရရှိသော benefits များသည် purchasers သို့မဟုတ် SBGG account ပိုင်ရှင်မှသာ ရပိုင်ခွင့်ရှိရမည်ဖြစ်သည်။​

Member အဆင့်နှင့် အကျိုးအမြတ် ပမာဏ

၁။ SBGG တွင် 0-50 သိန်း အကြားဝယ်ယူသူများသည် ရိုးရိုး members များဖြစ်သည်။ အကျိုးအမြတ်ခံစားခွင့်မှာ 0% ဖြစ်သည်။

၂။ သိန်း 50 မှ သိန်း 100 အကြား ဝယ်ယူသူများကို Bronze Member အဖြစ် သတ်မှတ်သည်။ အကျိုးခံစားခွင့်မှာ ငွေပေးချေ ဝယ်ယူသည့် ပမာဏ၏ 0.5% ဖြစ်သည်။

  • ငွေသား ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
  • Bronze Member ဖြစ်နေစဉ်ကာလအတွင်း ငွေအကြေပေးချေသည့် ပမာဏ၏ 0.5% ကိုငွေသားပြန်လည် ထုတ်ယူခွင့် ဖြစ်သည်။
  • ဥပမာ — Member တဦးသည် SBGG တွင် သိန်း 60 ဖိုးဝယ်ယူပြီးပါက Bronze Member ဖြစ်အပြီး 10 သိန်းဖိုး၏ 0.5% ကိုသာ ငွေသားပြန်လည်ထုတ်ယူခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါ ပမာဏသည် စုစုပေါင်း သိန်း 100 ပြည့်သည်အထိ ဖြစ်ရမည်။
  • တနည်းအားဖြင့်ကြည့်လျှင် SBGG တွင် စုစုပေါင်း သိန်း 100 ငွေပေးချေပြီးပါက အဆိုပါ Bronze member ရှင် သည် သိန်း 50 ၏ 0.5% = 25,000 MMK ငွေသားပြန်လည်ရရှိမည်။

၃။ ငွေသား ပေးချေမှု ပမာဏ သိန်း 100 နှင့် သိန်း 500 ကြားကို Silver Member ဟု သတ်မှတ်သည်။ အကျိုးခံစားခွင့် သို့မဟုတ် ငွေသား ထုတ်ယူခွင့်မှာ 1% ဖြစ်သည်။

  • SBGG တွင် ငွေကျပ် သိန်း 500 တိတိ ငွေပေးချေထားသူသည် 0-50 သိန်း အတွက် 0% ၊ 50-100 သိန်း အတွက် 0.5% = 25,000 နှင့် 100-500 အတွက် 1% = 400,000 MMK စုစုပေါင်း 425,000 MMK ငွေသား ပြန်လည် ရရှိမည်ဖြစ်သည်။

၄။ ငွေသားပေးချေမှု ပမာဏ သိန်း 500 နှင့် သိန်း 1,000 ကြားကို Gold Member ဟု သတ်မှတ်သည်။ အကျိုးခံစားခွင့် သို့မဟုတ် ငွေသားထုတ်ယူခွင့်မှာ 2% ဖြစ်သည်။

  • SBGG တွင် ငွေကျပ် သိန်း 1,000 တိတိ ငွေပေးချေထားသူသည် 0-50 သိန်း အတွက် 0% ၊ 50-100 သိန်း အတွက် 0.5% = 25,000 ၊ 100-500 အတွက် 1% = 400,000 ၊ 500-1,000 အတွက် 2% = 1,000,000 MMK စုစုပေါင်း 1,425,000 MMK ငွေသား ပြန်လည် ရရှိမည်ဖြစ်သည်။

၅။ ငွေသားပေးချေမှု ပမာဏ သိန်း 1,000 မှစ၍ အထက်ကို VIP Member အဖြစ် သတ်မှတ်သည်။​ အကျိုးခံစားခွင့် သို့မဟုတ် ငွေသားထုတ်ယူခွင့်မှာ 3% ဖြစ်သည်။

  • အကယ်၍ SBGG တွင် ငွေကျပ် သိန်း 2,000 တိတိ ငွေပေးချေထားသူသည် 0-50 သိန်း အတွက် 0% ၊ 50-100 သိန်း အတွက် 0.5% = 25,000 ၊ 100-500 သိန်းအတွက် 1% = 400,000 ၊ 500-1,000 အတွက် 2% = 1,000,000 ၊ 1,000-2,000 သိန်းအတွက် 3%=3,000,000 MMK စုစုပေါင်း 4,425,000 MMK ငွေသား ပြန်လည် ရရှိမည်ဖြစ်သည်။

၆။ VIP Member သည် အမြင့်ဆုံးဖြစ်၍ ငွေပမာဏ မည်မျှ ထပ်ချေသည်ဖြစ်စေ အကျိုးခံစားခွင့်မှာ 3% သာဖြစ်သည်။

သက်တမ်း

၁။ SBGG ၏ မည်သည့် Members များအတွက်ကိုမဆို သတ်တမ်းမှာ ၁၅ လတိတိဖြစ်သည်။ နောက်ဆုံး ငွေပေးချေမှုမှသည် နောက်ထပ် ၁၅ လအတွင်း မည်သည့်ငွေပေးချေ ဝယ်ယူမှုမှ မပြုလုပ်ပါက မည်သည့် member ဖြစ်စေ ရိုးရိုး member အဖြစ်ဖြင့် 0% အကျိုးခံစားခွင့်နှင့် ပြန်လည် စတင်သွားမည်ဖြစ်သည်။

Put us in your pocket
It's all at your fingertips – the products you love. Find the right products and brands to suit your mood. Go ahead, download us.
Contact Us

Social Media.........

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false