Loader
Explore more about our membership info
Read More

ပန်းသံတွေကို ဘယ်လိုရွေးချယ်ကြမလဲ

RC အဆောက်အဦတွေ အများဆုံး တွေ့ရတာနဲ့အတူ ဆောက်လုပ်ရေးနဲ့ ပတ်သက်ရင် rebars ဒါမှမဟုတ် 
deformed bars လို့လည်းခေါ်တဲ့ ပန်းသံတွေနဲ့ လွတ်ကင်းဖို့ဆိုတာ တော်တော်တော့ မလွယ်ပါဘူး။ ဒီနေ့မှာတော့ 
SBGG media အတွက် rebars နဲ့ပတ်သက်ပြီး အခြေခံအချက်လေးတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 

Rebars အမျိုးအစား ဘယ်လောက်ရှိမလဲ။ နိုင်ငံတာကမှာတော့...

၁။ Carbon steel (Black Rebar လို့လည်းခေါ်ပါတယ်)

၂။ Galvanized Rebar

၃။ Epoxy-coated rebar

၄။ Glass-fiber-reinforced polymer

၅။ Stainless steel rebar

၆။ European rebar
စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ဒါပေမဲ့ ကျနော်တို့ဆီမှာတော့ Original (နိုင်ငံခြားက တင်သွင်းထားတာ)�Local ဆိုပြီးပဲ အများဆုံး သုံးကြတာပါ။

Original မှာတော့ HRB 500 နဲ့ 400 ပဲသွင်းတာများပြီး local ကတော့ ပြည်တွင်းထုတ် ဖြစ်ပါတယ်။
ဒါဆိုရင် ထပ်မေးစရာ ရှိပြန်ပါတယ်။ HRB 500 နဲ့ 400 ဘာကွာလဲ?အဆောက်အဦရဲ့ Structural Design 
လိုအပ်ချက်အပေါ် မူတည်ပြီး HRB 500 (Yield Strength 500Mpa) နဲ့ 
 HRB 400 (Yield Strength ပြိုကွဲပျက်စီးမှုခံနိုင်ရည်အား 400MPa) ဆိုပြီး ခွဲခြားထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
ပြိုကွဲပျက်စီးအားနဲ့ ဆွဲဆန့်အား ပေါင်းထားတဲ့ rebars ရဲ့ ခံနိုင်ရည်အား ကွာပါတယ်။HRB 500 ကတော့ 
500 MPa (Mega Pascal), (Pounds per square inch) ဖြစ်တဲ့ psi နဲ့ဆိုရင် 7,2519 psi ခံနိုင်ရည်အားရှိပြီး၊ 
HRB 400 ကတော့ 400 MPa, psi နဲ့ဆိုရင် 5,8015 psi ခံနိုင်ရည်အား ရှိပါတယ်။Local ကတော့ local ပေါ့နော်။ 

Rebars တွေကို ရွေးချယ်တယ်ဆိုတာ ဒီမှာတော့ local နဲ့ import ရွေးကြတာပါပဲ။ ဘယ်လိုရွေးရမလဲဆိုတော့...

၁။ ဖောင်းလုံး (ribs) ကိုကြည့်ပါ။ local တွေရဲ့ ribs တွေက original တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုကြီးနေတတ်ပါတယ်။ 
 သေသေချာချာကြည့်မယ်ဆိုရင် သေသပ်မှုလည်းကွာပါတယ်။

၂။ ရိုက်ထားတဲ့ အသားတံဆိပ် စာလုံးပုံစံ font လည်း မတူတတ်ကြပါဘူး။ ထုံးစံအတိုင်း import တွေက ပိုသေသပ်တတ်ကြပါတယ်။

၃။ အရည်အသွေးနိမ့်တဲ့ rebars တွေက ပိုပြီး ဖြူရော်ရော် ဖြစ်နေတတ်ပါတယ်။ ဒါဟာ chemical composition မှန်ကန်မှု မရှိလို့ပါ။ 
ကုန်ကြမ်း မတူတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရည်အသွေးနိမ့် rebars တွေဟာ သံရိုင်းကနေ ထုတ်လုပ်ထားတာ မဟုတ်ဘဲ 
သံဟောင်းတွေကို အရည်ပြန်ကျိုပြီး ထုတ်လုပ်ကြတာ များပါတယ်။ ကြံ့ခိုင်မှုပိုင်း သိပ်ကွာပါတယ်။

၄။ အရည်အသွေးမြင့် rebars တွေဟာ ကွေးညွှတ်နိုင်စွမ်း အများကြီးပိုသာပါတယ်။

၅။ အရည်အသွေးမြင့် rebars တွေရဲ့ အရောင်ဟာ ပြာလဲ့လဲ့ ဖြစ်နေတာမျိုးပါ။ များသောအားဖြင့် သံချေးပါးပါး တက်နေလေ့ရှိပါတယ်။ 
ဒါကလည်း သယ်ယူပို့ဆောင်တဲ့အချိန်မှာ နေဒဏ်၊ ရေဒဏ်၊ လေဒဏ်ခံရလို့ တက်နေရတာရယ်ပါ။ သိပ်တောက်ပြောင်နေရင်တော့ 
အရည်အသွေးနိမ့်သံလို့ မျက်စိမှိတ် မပြောနိုင်ပေမဲ့ သတိထားရမယ့် အနေအထားပဲ ဖြစ်ပါတယ်။

Rebars တွေကို အချိန်ကြာကြာ ထိန်းသိမ်းထားမယ်ဆိုရင် မိုးလုံလေလုံ ထိန်းသိမ်းထားတာဟာ အကောင်းဆုံးပါပဲ။ 
ပုံမှန်အားဖြင့်တော့ rebars တွေဟာ မိုးဒဏ်၊ လေဒဏ်ကြောင့် သံချေးတက်လေ့ရှိပါတယ်။ သံချောင်းပေါ်မှာ 
သံချေးအလွှာပါးပါးလေးကပ်နေပြီး၊ သံချောင်းကကြမ်းကြမ်းလေး ဖြစ်နေမယ်ဆိုရင်တော့ concrete နဲ့ 
သံချောင်းရဲ့ တွယ်မြဲစွဲကပ်အား (Bond Strength) ကိုအနည်းငယ်ပိုကောင်းစေတဲ့ ကောင်းကျိုးရှိနိုင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ သံချေးတွေက အလွှာ-အချပ်-အစ-အန ကြွတက်ကွာထွက်ခြင်း (loose scaling) ဖြစ်နေပြီဆိုရင်တော့ 
ကွန်ကရစ်နဲ့ သံချောင်းရဲ့ တွယ်ကပ်အား Bond Strength ကိုထိခိုက်စေနိုင်လို့ စနစ်တကျဖယ်ရှားပြီးမှ အသုံးပြုသင့်ပါတယ်။

သံချောင်းပေါ်မှာ ရွှံ့၊ ဆီ၊ သုတ်ဆေး၊ အလွှာ-အစ-အနလေးများအဖြစ် ပွတက်နေတဲ့သံချေး၊ သံချေး အလွှာချပ်များ၊ 
ချောဆီများ၊ သံချောင်း (သို့ )ကွန်ကရိကို ဓါတုဗေဒနည်းအရ ဓါတ်ပြုပျက်စီးစေနိုင်တဲ့ မည်သည့်အရာဝတ္ထုမဆို 
ပါဝင်သွားခြင်း မရှိစေအောင် သေချာဂရုပြုပြီး အသုံးပြုသင့်ပါတယ်။

Rebars ကောင်းတွေမှာယူဖို့ဆိုရင်တော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ နာမည်ကျော် rebars ဆိုင်တွေကနေ 
မှာယူတာဟာ အကောင်းဆုံးပါပဲ။ SBGG မှာတော့ customer စိတ်ကြိုက် rebars အမျိုးမျိုးကို အကောင်းဆုံး supply လုပ်ပေးလျက်ရှိပါတယ်။

တိုက်ရိုက်ဆက်သွယ်ဖို့အတွက် ဆိုရင်တော့...

HOTLINE — 09 95 424 5866

09 970 480 555

09 970 180 555

09 940 089 006ကို တိုက်ရိုက်ဆက်သွယ်ပေးကြပါနော်။

 အမှတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

website — sawbwargyigone.com

AppStore — https://apple.co/3sYi6GD

PlayStore — https://bit.ly/3t2Tmgc

အိမ်ဆောက်မှာလား၊ SBGG ရှိတယ်။

 

Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false