Loader
Explore more about our membership info
Read More

အိမ်တလုံးရဲ့ ပြတင်းပေါက်

    အိမ်တလုံးအတွက် မရှိမဖြစ်လိုအပ်မယ့်အရာ ဆိုရင်တော့ မတူကွဲပြားတဲ့ အဖြေအမျိုးမျိုးကို ရလိမ့်မယ် ထင်ပါတယ်။ အဲဒီအထဲကမှ လူတွေတွက်အရေးကြီးဆုံး အချက်ဖြစ်တဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် လေကောင်းလေသန့်နဲ့ အလင်းရောင်ကောင်းကောင်းလေးတွေ ရယူပိုင်ဆိုင်နိုင်ဖို့၊ ပြင်ပရှုခင်းလှလှလေးတွေကို သဘာဝအတိုင်းခံစားဖို့ အပြင် မိမိအိမ်ရဲ့ ဒီဇိုင်းလေးကိုလည်း လှလှပပလေး ဆန်းသစ်ပြောင်းလဲပစ်ဖို့ အတွက်ပဲပြောပြော၊တနည်းဆိုရရင် အိမ်တအိမ်ရဲ့အသက်ရှူပေါက် ဒါမှမဟုတ် မျက်စိပသာဒပေါက်လို့ ခေါ်ရမယ့်အရာ ဆိုရင်တော့ (Windows) ပြတင်းပေါက်တွေပဲဖြစ်လိမ့်မယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။

    ဒါဆို အိမ်တလုံးအတွက် မရှိမဖြစ် အရာတခုကို ပြည့်စုံဖို့အတွက် ဘယ်လိုပြတင်းပေါက်အမျိုးအစားတွေ ရှိလဲ? ဘယ်လိုရွေးချယ်ကြမလဲ?အခုပြောပြသွားမှာကတော့ မိမိကိုယ်ပိုင်အိမ်လေးအတွက်ဘယ်လိုအချက်တွေအပေါ်မူတည်ပြီးဘယ်လို window type မျိုးကို ရွေးချယ်မလဲ ဆိုတာပါပဲ။ထည့်သွင်းစဉ်းစားစရာတွေ အများကြီးထဲကမှ ပိုပြီးအဓိကကျတဲ့

 1. Location of Room- အခန်းရဲ့အနေအထား

2. Size of Room- အခန်းရဲ့ အရွယ်အစား

3. Direction of Wind- လေသင့်မယ့်နေရာ

4. Climatic Conditions- ရာသီဥတုအခြေအနေ

5. Architectural Point Of View- ဗိသုကာအမြင်…..ဆိုတဲ့ အချက်တွေအပေါ်မူတည်ပြီး 


ရွေးချယ်နိုင်တဲ့ Window Types တွေကတော့ 

1. Fixed Windows 

2. Sliding Windows 

3. Pivoted Windows 

4. Double-Hung Windows 

5. Casement Windows 

6. Metal Windows 

7. Sash Windows 

8. Corner Windows 

9. Bay Windows 

10. Dormer Windows 

11. Lantern Windows 

12. Gable Windows 

13. Ventilators 

14. Skylights 

15. Louvered Windows 

16. Clerestory Windowsစသဖြင့် အမျိုးအစားများစွာရှိလို့ အပေါ်မှာပြောခဲ့တဲ့ အချက်တွေပေါ်မူတည်ပြီး မိမိကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်တပ်ဆင်နိုင်ပါတယ်။ 

    မြန်မာနိုင်ငံမှာအသုံးများတဲ့ Windows Types တွေထဲကမှ လောလောဆယ် ခေတ်အခြေအနေအရ အများဆုံး အသုံးပြုနေတာကတော့ sliding windows တွေပါပဲ။ Sliding windows တွေမှာမှ အသုံးပြုတဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး uPVC နဲ့ Aluminum ဆိုပြီး နှစ်မျိုး တပ်ဆင်နိုင်ပြန်ပါတယ်။ ဒီထဲကမှ အကြံပေး ရွေးချယ်စေချင်တာကတော့ uPVC Sliding Windows အကြောင်းပါပဲ။


***uPVC ဆိုတာဘာလဲ???

(uPVC) Unplasticized Polyvinyl Chloride ဆိုတာကတော့ windows နဲ့ doors တွေထုတ်လုပ်ရာမှာသုံးတဲ့ Carbon, Hydrogen နဲ့ Chlorine ဆိုတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်တဲ့ hard plastic အမျိုးအစားပဲဖြစ်ပါတယ်။ သူက အညစ်အကြေးဒဏ် (Pollution)၊ စိုထိုင်းမှု (Moisture) ကြောင့်ပျက်စီးမှုဒဏ်၊ သံချေးတက်ခြင်း (Corrosion) နဲ့မှိုစွဲခြင်း ဒါမှမဟုတ် ဆွေးမြေ့ပျက်စီးမှု (Mould) တွေကို ခံနိုင်ရည်ရှိတဲ့ ပစ္စည်းအမျိုးအစားပါ။ ပစ္စည်းတစ်ခုဝယ်သုံးတော့မယ်ဆိုရင်အဲ့ဒီပစ္စည်းရဲ့ • အားသာချက်/အားနည်းချက်(Pros/ Cons) တွေ • အသုံးဝင်မှု (Effectiveness) နဲ့ • တွက်ချေကိုက်မှု (Economical) • သေသပ်လှပမှု (Design) ဒီအချက်တွေကို ထည့်စဉ်းစားပြီးမှ ကိုယ်နဲ့အကိုက်ညီဆုံးကို ရွေးချယ်ဝယ်ယူကြပါတယ်။ 


ကဲ .. ဒါဆို uPVC sliding windows ကို ဝယ်တော့မယ်ဆိုပါစို့…


အားသာချက်**** 

1. အရည်အသွေးကောင်းပြီးကုန်ကျငွေနှင့်ကာမိအောင်ပြန်ရခြင်း(High Quality & Cost Effectiveness) uPVC windows တွေဟာ wooden နဲ့ aluminum windows တွေထက်စာရင်စုစုပေါင်းကုန်ကျစရိတ်ပိုသက်သာစေပါတယ်။

***ဘာကြောင့်လဲ ⁃ ထိန်းသိမ်းမှုစရိတ်နည်းခြင်း(Low Maintenance) ကြောင့်ပါ။

 uPVC windows တပ်တဲ့ အခါ သစ်သားပြတင်းလို ခြစားမှာ၊ မိုးတွင်းဆို ရေစိုလို့ သစ်သားပွပြီး အဖွင့်အပိတ်မကောင်းမှာ၊ သစ်အရောင်အတွက် Polish တိုက်ရမှာ၊ ဆေးသုတ်ရမှာ ဒီကုန်ကျစရိတ်တွေ ထည့်တွက်စရာမလိုဘဲ (Just need **) အဝတ်ကလေးနဲ့ ပုံမှန် သုတ်၊ သန့်ရှင်းရေးလုပ်ပေးရုံနဲ့ သံချေးတက်မှာ မပူရသလို ခြစားမှာလဲမပူရလို့ ထိန်းသိမ်းစရိတ်သက်သာစေပါတယ်။ 


2. စွမ်းအင်သက်သာပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ခြင်း( Energy Efficient & Environmentally Friendly) uPVC Windows တွေဟာ အပူကာပစ္စည်း ( Good Insulator of Heat) ဖြစ်တဲ့အတွက်ကြောင့် - ပူပြင်းတဲ့နွေရာသီမှာဆို အပြင်က အပူရှိန်ကို အိမ်အတွင်းဘက် မဝင်နိုင်အောင် ကာကွယ်ပေးနိုင်သလို၊- အေးမြတဲ့ ဆောင်းရာသီတွေမှာလည်း အခန်းတွင်းအပူချိန်ကို ချိန်ညှိပေးထားနိုင်စွမ်း ရှိပါတယ်။ - မိုးတွင်းလိုအချိန်အခါမှာလဲ စိုစွတ်မှုကြောင့် ပျက်စီးမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတဲ့အတွက် ရာသီသုံးပါးစလုံးနဲ့ ကိုက်ညီပြန်ပါတယ်။ - ဖုန်မှုန့် လိုအညစ်အကြေးတွေကို အိမ်ထဲမဝင်နိုင်အောင်တားဆီးပေးနိုင်လို့ ကျန်းမာရေးအတွက်အထောက်အကူပြုစေသလို- သေချာတပ်ဆင်ထားမယ်ဆိုရင် အပြင်က အသံတွေကိုမဝင်နိုင်အောင်တားဆီးနိုင်တဲ့ (Noise cancellation effect) ကိုလဲရနိုင်ပါတယ်။ 


3. တပ်ဆင်ရလွယ်ကူခြင်း နှင့် အသုံးပြုရလွယ်ကူခြင်း ( Easy to Install & Easy to Use) uPVC Window တွေက lightweight type ဖြစ်တဲ့အတွက် အလွယ်တကူတပ်ဆင် အသုံးပြုနိုင်ပါတယ်။ အဖွင့်အပိတ်လွယ်ကူလို့ လူကြီးတွေနဲ့ ကိုယ်ကာယ အားစိုက်မထုတ်နိုင်သူတွေ အတွက်လဲ အဆင်ပြေစေပါတယ်။ 


4. မီးတားနိုင်ခြင်းနှင့်လုံခြုံမှု( Fire retardant & security) ပြတင်းပေါက်ဆိုတာက အရေးပေါ်ထွက်ပေါက်လို့လဲ ပြောလို့ရပါတယ်။ Accident ဆိုတာမျိုးက အချိန်မရွေး ဖြစ်နိုင်တဲ့အတွက်ကြောင့် အဲ့အတွက် ကြိုတင် ထည့်စဉ်းစားထားဖို့လဲ လိုပါတယ်။ uPVC Windows တွေမှာ ပါဝင်တဲ့ Chlorine က မီးလောင်ခြင်းကို နှောင့်နှေးစေတဲ့အတွက်ကြောင့် မီးတောက်ကြီးမားပြီး ပျက်စီးမှုဒဏ်ကို လျှော့ချပေးနိုင်ပါတယ်။မှန်နှစ်ထပ်( Double Glazed Type) မျိုး တပ်ဆင်ထားမယ် ဆိုရင်တော့ ဖောက်ထွင်းခံရနိုင်ခြင်း အတွက်ကိုတောင် စိတ်ပူစရာမလိုတော့ပါဘူး။ 


5. ခေတ်မှီတဲ့ ပုံစံ ( Modern Design) ခေတ်ရေစီးကြောင်းအလိုက် Up to Date ဖြစ်တာကို ကြိုက်တယ်ဆိုရင်တော့ uPVC Windows တွေဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ခြွင်းချက်အနေနဲ့ကတော့ လူတကိုယ်အကြိုက်တမျိုး ဖြစ်တဲ့အတွက်မို့လို့ ကိုယ်နှစ်သက်တဲ့အမျိုးအစားကိုပဲ ရွေးချယ်ကြမှာပါ။ Wooden windows ဆိုရင်လဲ natural look ကို ကြိုက်နှစ်သက်တဲ့သူတွေ တပ်ဆင်ချင်ကြသလို aluminum windows တွေကိုပဲ နှစ်သက်သူတွေလည်း ရှိကြပါတယ်။uPVC မှာ အားနည်းချက်ကတော့ • Aluminum နဲ့ Wooden လိုမျိုးခိုင်ခံ့မှုတော့ နည်းပါတယ်။ • Aesthetic အလှအပပိုင်းမှာ Plastic Look ဖြစ်တဲ့အတွက်ကြောင့် aluminum နဲ့ wooden လိုမျိုး အရောင်နဲ့ အဆင်းပိုင်းမှာတော့ အားနည်းချက်ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရွေးချယ်ချင်တဲ့ပုံစံ၊ Budget နဲ့ ကိုက်ညီပြီး high quality, low cost နဲ့ modern look ဖြစ်တာကို ရွေးချယ်ချင်ရင်တော့ uPVC Windows တွေဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခုလို့ အကြံပြုချင်ပါတယ်။


uPVC ပြတင်းတံခါးတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဝယ်ယူချင်တယ်ဆိုရင်တော့ https://bit.ly/3x7rpXG မှာ အဆင်သင့် လေ့လာကြည့်ရှုလို့ရပါတယ်။ ပို့ဆောင်ခ အခမဲ့နဲ့ မှာယူလိုက်ရုံပါပဲ။

sawbwargyigone.com ဒါမှမဟုတ် SBGG ကို တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်တော့09 970 480 55509 970 180 555 နံပတ် (F), ကန်ရိပ်မွန် အိမ်ရာ၊ ကန်လမ်း၊ ၁၀ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Website : www.sawbwargyigone.com

PlayStore: bit.ly/3L4Qbv3

AppStore: တို့ကနေတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။


Continue Shopping

CONTACT

Your comments, ideas and questions push us to go that extra mile, every time. So drop us a line!

copyright©2022 Native Technology International Co., Ltd. | All Rights Reserved.
https://sawbwargyigone.com /browse /user/login /abort/abort_type /sale/draft-cart /product/ /sale/payment-qr /sale/payment-successful /sale/payment-expire /odoo-request https://admin.sawbwargyigone.com 2 1 false